အခန်း ၁၅၃

55 7 0
                                    

Sir Ainno က ရိုင်းစိုင်းကြမ်းတမ်းတဲ့လူတစ်ယောက်ဖြစ်ပေမဲ့ အထက်တန်းလွှာမိသားစုမှာ ကြီးပြင်းခဲ့တဲ့ အထက်တန်းလွှာအမျိုးသားတစ်ယောက်ဖြစ်နေတာကြောင့် သူ့ရဲ့အပြုအမူတွေက စံနမူနာယူစရာဖြစ်ခဲ့သည်. ရဲတိုက်ထဲမှာ Cekel ရဲ့ ရာထူးက သိပ်ပြီး မရှင်းလင်းပေ. သူမက အစေခံလုပ်ရမဲ့အရာတွေ တော်တော်များများကို လုပ်ခဲ့ပေမဲ့ အထက်တန်းလွှာအမျိုးသမီး ဖြစ်တာကြောင့် သူမက ကိုယ်လုပ်တော်တစ်ယောက်ရဲ့ အကူဖြစ်နေခဲ့သည်. ပြီးတော့ သူမရဲ့ အစ်ကိုတွေနဲ့ မောင်က ဧကရာဇ်ရဲ့ စစ်သည်တွေဖြစ်သည်. Sir Ainno က Sir Beke ရဲ့ တိုက်ရိုက်အထက်အရာရှိဖြစ်တာကြောင့် သူ့လက်အောက်ငယ်သားတစ်ယောက်ရဲ့ အစ်မအဖြစ် မနှုတ်ဆက်ရင်တောင်မှ Sir Ainno က သူမကို သိနေသင့်သည်.

Lucius က မေးလိုက်သည်.

"Inno မင်း Lady Ingreter ကို မသိလို့လား?"

သူက ဒီလိုမေးလိုက်တာတောင်မှ ဧကရာဇ်က တွေဝေနေသေးသည်. Sir Ainno အနေနဲ့ Cekel ဆိုတာ ဘယ်သူမှန်း မသိစရာအကြောင်းမရှိပေ. Sir Ainno နဲ့ ရင်းနှီးတဲ့ စစ်သည်တွေက လက်ထပ်ပြီးတဲ့နောက် သူက တခြားလက်မထပ်ရသေးတဲ့ စစ်သည်တွေကို သူနဲ့အတူသောက်ဖို့ အတင်းအကျပ်ခေါ်ခဲ့တာကို Lucius က သိနေခဲ့သည်. Sir Ainno အနေနဲ့ Sir Beke ရဲ့အိမ်ကို သွားလည်ဖူးမှာ အသေအချာဖြစ်ပြီးတော့ သူ့ကို Cekel နဲ့ မိတ်ဆက်ပေးဖူးမှာလဲ သေချာသည်.

Sir Ainno ရဲ့ မျက်နှာက တောင့်တင်းသွားကာ ပြန်ဖြေလိုက်သည်.

"ကျွန်တော် အဲ့အမျိုးသမီးကို မသိဘူး"

"Sir Beke က မင်းနဲ့ သူမကို မိတ်မဆက်ပေးဖူးဘူးလား? ကောင်းပြီလေ. အခု မင်းသူ့ကို သိပြီဆိုတော့ နောက်တစ်ခါကျရင် သေချာနှုတ်ဆက်လိုက် ဟုတ်ပြီလား? သူမက မောင်းမဆောင်မှာ အလုပ်လုပ်တာဆိုတော့ မင်းနဲ့ မကြာခဏတွေ့နေရမှာပဲလေ"

"ကျွန်တော် အဲ့လိုမြင်းနဲ့တူတဲ့ အမျိုးသမီးမျိုးကို မသိဘူး"

Sir Ainno က တည်ငြိမ်စွာနဲ့ ပြန်ဖြေလိုက်ပေမဲ့ တစ်ခုခုတော့ မှားယွင်းနေသလိုဖြစ်နေသည်. သူက စိတ်မဝင်စားသလိုဟန်ဆောင်နေသည်. သူက ဧကရာဇ်ကို ကြည့်နေပေမဲ့ Cekel ရဲ့ ခြေသံကို ကြားတိုင်း သူက တွန့်သွားခဲ့သည်. အရိပ်အကဲဖမ်းတာတော်တဲ့ဧကရာဇ်က ဘာတွေဖြစ်နေလဲဆိုတာကို ချက်ချင်းသတိပြုမိလိုက်သည်. Lucius က သူအလန့်တကြားဖြစ်သွားတာကို ဖုံးကွယ်ဖို့အတွက် သူ့ရဲ့ပါးစပ်ကို အုပ်လိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now