အခန်း ၆၄

93 13 0
                                    

ညစာစားပွဲမှာ ရှိနေခဲ့တဲ့ Bikpa ဘုရင်နဲ့ တော်ဝင်မိသားစုဝင်တွေရဲ့မှတ်တမ်းတွေကို ဖယ်ရှားပစ်ဖို့ Lucius က အမိန့်ပေးလိုက်သည်. ပြိုင်ပွဲမတိုင်ခင် အညံ့ခံခဲ့ကြတဲ့ အထက်တန်းလွှာတွေကိုသာ လွတ်လပ်ခွင့်ပေးလိုက်တာဖြစ်သည်. Gali နဲ့ ပတ်သက်သမျှလူအားလုံးကို ရဲတိုက်နံရံမှာဇောက်ထိုးဆွဲထားသည်. သူတို့အော်သံတွေက အဆက်မပြတ်ထွက်ပေါ်နေခဲ့ပြီး ဒုတိယမြောက်နေ့မှာတော့ ငှက်တွေက သူတို့ကို အရှင်လတ်လတ်စားနေကြသည်. ပြင်းထန်တဲ့လေတွေက သူတို့ကို ကျောက်နံရံနဲ့တိုက်မိစေပြီး အများစုက သွေးထွက်လာကြသည်. တစ်ချို့ကြိုးတွေက ပြေကုန်ကြပြီးတော့ မြေပေါ်ကို ပြုတ်ကျသွားသည်တစ်ပတ်တိတိကြာပြီးတဲ့နောက်မှာတော့ အော်သံတွေရပ်သွားခဲ့သည်

ဒီလိုပြင်းထန်တဲ့အပြစ်ပေးမှုတွေကြောင့် ဘယ်သူမှ Lucius ကို အပြစ်မပြုရဲကြတော့ပေ. ဒါ့အပြင် သူတို့ဘုရင်ကြောင့် Bikpa ပြည်သူတွေ ငတ်သေတော့မဲ့အရေးကနေ သူက ကယ်တင်လိုက်တာလို့ လူတွေက ယုံကြည်နေကြသည်.

နောက်မှာတော့ Lucius က Gali နဲ့ တခြားတိုင်းပြည်ဘုရင်တွေကြားက သဘောတူညီချက်တွေကို ရှာတွေ့လိုက်သည်

"ငတုံးတွေ..."

ကြည့်ရတာ Gali က တခြားဘုရင်တွေပြောတဲ့အတိုင်း လိုက်နာနေဟန်တူသည်. သူက ဘုရင်တစ်ပါးအဖြစ်မွေးဖွားခဲ့ပေမဲ့ ဘုရင်တစ်ပါးလို မအုပ်ချုပ်နိုင်ပေ. သူ့မှာ ဂုဏ်သိက္ခာမရှိသလို သတ္တိလဲမရှိပေ

Bikpa ရဲ့အိမ်နီးချင်းနိုင်ငံတွေက ကူညီဖို့ စိတ်ကူးမရှိပေ. သူတို့ အချိန်ဆွဲရန်အတွက် Bikpa ကို ငါးစာအဖြစ် အသုံးချနေတာဖြစ်သည်

Bikpa နားမှာရှိတဲ့ နိုင်ငံ ၃ ခုမှာ သူတို့ကိုယ်ပိုင် အုပ်ချုပ်သူအဖွဲ့ရှိသည်. ဒီအုပ်ချုပ်သူအဖွဲ့အစည်းကို တိုက်ခိုက်ခြင်းက သီးခြားတိုင်းပြည်တစ်ခုချင်းစီကို တိုက်ရတာနဲ့ မတူပေ.

ဒီတိုင်းပြည် ၃ ခုက အုပ်ချုပ်သူအဖွဲ့ဟာ အလယ်ပိုင်းဒေသကြီးတစ်ခုလုံးကို အချိန်အတော်ကြာ အုပ်စိုးထားခဲ့တာဖြစ်သည်. ဒီအဖွဲ့မှာ အကြီးဆုံးက Kopi ဖြစ်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now