အခန်း ၁၁

141 29 0
                                    

Lucius ရဲ့ ဆုံးဖြတ်ချက်ကို သူ့လူတွေက ဆန့်ကျင်ကြတယ်. သူ့ဘေးနားမှာ သူ့ကို သစ္စာစောင့်သိတဲ့ လူငယ်တွေက ဝန်းရံထားကြတယ်

သူက ဆွဲဆောင်မှုရှိတာကြောင့် ဒီလူတွေက သူ့နောက်ကိုလိုက်ပါဖို့ မခက်ခဲဘူး

သူ့အဖေ အရင် ဧကရာဇ်ဆီမှာ အမှုထမ်းခဲ့တဲ့ စစ်သည်တွေ အမတ်တွေကတော့ Acreia မှာကျန်ခဲ့ကြပြီး

Lucius က ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေကိုပဲ စစ်တပ်ထဲ ခေါ်လာခဲ့သည်

ဧကရာဇ်အနေနဲ့ သူ့လူတွေကို ဆက်ခံရာမှာ ပုံစံအမျိုးမျိုးရှိတယ်. တစ်ခါတစ်လေမှာ သူတို့ကို သူငယ်ချင်းတစ်ယောက်လို ပြောဆိုတယ်

တစ်ခါတစ်လေကျတော့ သူ့ရဲ့ညီအစ်ကိုအရင်းတွေလို ဆက်ဆံပြီး လိုအပ်ရင်တော့ သူ့လက်အောက်ငယ်သားလိုမျိုး ပြုမူဆက်ဆံတယ်

အပြန်အလှန်အနေနဲ့ အခြေအနေကိုလိုက်ပြီးတော့ သူ့လူတွေကလဲ Lucius ကို သူတို့သူငယ်ချင်းလို, ညီအစ်ကိုလို ပြီးတော့ ဧကရာဇ်လိုမျိုး ပြန်လည်ဆက်ဆံလေ့ရှိတယ်

ဒါကြောင့် ဒီစစ်သားတွေအနေနဲ့ ဧကရာဇ်ကို ရိုးရိုးသားသားပြန်ပြောတာက လေးစားမှုမရှိတာလို့ ပြောလို့မရဘူး ဒါက သူတို့ရဲ့လေးနက်တဲ့ သစ္စာစောင့်သိမှုကနေ ဖြစ်ပေါ်လာတာဖြစ်တယ်

"အရှင်.. ဒါကမဖြစ်နိုင်ဘူး!"

"အမျိုးသမီးတစ်ယောက်ကို ဓါးပေးမကိုင်သင့်ဘူး! အမျိုးသမီးတွေက ကလေးတွေနဲ့ အိမ်ကိုစောင့်ရှောက်ဖို့အတွက်ပဲဖြစ်သင့်တာ!"

"အဲ့မိန်းမက လိမ်နေတာ! သူမ မသေချင်လို့လိမ်နေတာ! မိန်းမတွေရဲ့အကောင်းဆုံးလက်နက်က ရိုးသားခြင်းမရှိတာပဲ"

"အရှင်. မိန်းမတစ်ယောက်ကို ဘာလို့ယုံရတာလဲ?"

Poliana က သူမတိုင်းပြည်ကို သစ္စာဖောက်ပြီးတော့ Lucius ကို သစ္စာခံလိုက်တာကို သူ့လူတွေက ကျယ်လောက်စွာ ဆန့်ကျင်နေကြပေမဲ့ သူ့စိတ်ကတော့ မပြောင်းသွားခဲ့ဘူး

သူက Poliana အနေနဲ့ တကယ့်စိတ်ရင်းနဲ့ သစ္စာဆိုမှန်း သံသယမရှိခဲ့ဘူး

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now