အခန်း ၂၄

116 18 0
                                    

Bebero တိုင်းပြည်က မထင်မှတ်ထားတဲ့တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားခဲ့ပေမဲ့ သူတို့က တည်ငြိမ်စွာနဲ့ ပြန်လည်ခုခံနိုင်ခဲ့သည်. Acreian သင်္ဘောတွေက ကမ်းခြေကို မရောက်သေးခင်မှာပဲ Bebero စစ်တပ်က မြှားတွေနဲ့ ပစ်ခတ်လာကြသည်

လှံတံရှည်တွေနဲ့ မြှားတွေက Lucius ရဲ့လူတွေဆီ ရောက်လာကြသည်. မြေပြင်နဲ့ တောင်တန်းတွေပေါ်မှာသာ တိုက်ပွဲအတွေ့အကြုံရှိတဲ့ Acreian စစ်သားတွေက မြှားတွေကို မနည်းရှောင်တိမ်းနေရသည်

ရလဒ်ကတော့

Acreian ဘက်က အကြီးအကျယ်ရှုံးနိမ့်သွားတယ်

Acreian စစ်သားတွေက မြစ်ဖြတ်ကူးတာ တစ်ဝက်တောင် မရောက်သေးခင်မှာပဲ ပြန်လှည့်လာရသည်.. အနည်းဆုံးတော့ ဒဏ်ရာရတဲ့သူတွေအများကြီးမရှိတာ ကံကောင်းသွားသည်

အသက်ရှင်ပြီး ပြန်ရောက်လာတဲ့သူတွေက သူတို့ဘာဖြစ်ခဲ့လဲဆိုတာ‌ မသိကြတော့ဘူး. ကျန်နေခဲ့တဲ့သူတွေကတော့ စစ်ပွဲနဲ့ပတ်သတ်ပြီးတော့ အသေးစိတ်သိချင်နေကြသည် အဆင့်မြင့်အရာရှိတွေကတော့ ဧကရာဇ်ဆီကို သတင်းပို့လိုက်သည်

ဒဏ်ရာရ စစ်သားတွေကို ဆေးတပ်ဖွဲ့တဲဆီကို ပို့လိုက်ပြီးတော့ တခြားစစ်သားတွေအတွက်တော့ ရှည်လျားတဲ့နေ့တစ်ရက်ဖြစ်ခဲ့တယ်

Acreia အနေနဲ့ နယ်မြေသိမ်းတိုက်ပွဲတွေစကတည်းကနေ ရှုံးနိမ့်ခဲ့ခြင်းမရှိတာကြောင့် ပထမဆုံးအကြိမ်အဖြစ် စစ်ရှုံးလာတဲ့အခါ စစ်သားတွေရဲ့စိတ်ဓါတ်က အောက်ခြေအထိ ထိုးကျသွားသည်

ဒါက ပြဿနာတစ်ရပ်ဖြစ်တယ်. စိတ်ဓါတ်ကျနေတဲ့ စစ်သားတွေက အန္တာရယ်ရှိပြီးတော့ ကောင်းကောင်း စစ်မတိုက်နိုင်ကြတော့လို့ စစ်ပွဲမှာ ရှုံးနိမ့်လာနိုင်သည်

ဒီပြဿနာကို ဖြေရှင်းဖို့လိုလာပြီး ဒီအလုပ်က "မိခင်"လို့ခေါ်ကြတဲ့ Sir Baufallo ရဲ့ တာဝန်ဖြစ်တယ်

"ကောင်စုတ်လေးတွေ. မတ်တပ်ရပ်စမ်း လျှောက်ငေးမနေနဲ့"

Sir Baufallo က လှည့်လည်သွားလာနေပြီး‌တော့ စိတ်ပျက်နေပုံရတဲ့ စစ်သားတွေကို ကန်လိုက်တယ်. ပြီးတော့ သူက အော်လိုက်တယ်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now