အခန်း ၇၄

89 13 3
                                    

Lucius က ကိုယ်ရံတော်မပါပဲ လျှောက်သွားတာနဲ့ ပတ်သက်ပြီးတော့ အဆူမခံချင်ပေ.. ဒါကြောင့် သူက သူ့မျက်နှာထားကို အလေးအနက်ဖြစ်သွားဟန်လုပ်လိုက်တော့ Poliana က ခါးမတ်လိုက်ကာ သူ့အဖြေကို စောင့်နေလိုက်သည်..

ဧကရာဇ်က သူမကို ပြောလိုက်တယ်

"ငါ့မှာ စိတ်ပူစရာတွေများနေတော့ အိပ်လို့မရဘူးလေ. အဲ့တာနဲ့ ငါ့ခွေးကို ရှာဖို့ ထွက်လာတာကို... ငါချစ်ရတဲ့ခွေးက တွားသွားသတ္တဝါရဲ့အရေခွံကိုခြုံထားတယ်! ဒါက ဘယ်လိုဖြစ်ရတာလဲ?!"

"Sir Rabi သူ့ကို ဝတ်ပေးထားတာလေ, အရမ်းချစ်ဖို့ကောင်းတာပဲ"

"ချစ်ဖို့ကောင်းတယ်? မင်းမျက်လုံးတွေကို စစ်ဖို့ လိုနေပြီ Sir Pol! ချစ်စရာကောင်းတဲ့ တိရစ္ဆာန်ဆိုတာက ပြောရရင် အမွေးပွပွလေးတွေရှိသင့်တာလေ ငါတော့ မြွေတွေနဲ့ တွားသွားသတ္တဝါတွေမှန်သမျှ မကြိုက်ဘူး"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ချစ်ဖို့ကောင်းတယ်? မင်းမျက်လုံးတွေကို စစ်ဖို့ လိုနေပြီ Sir Pol! ချစ်စရာကောင်းတဲ့ တိရစ္ဆာန်ဆိုတာက ပြောရရင် အမွေးပွပွလေးတွေရှိသင့်တာလေ ငါတော့ မြွေတွေနဲ့ တွားသွားသတ္တဝါတွေမှန်သမျှ မကြိုက်ဘူး"

"အို့.. Sir Rabi ဆိုမှပဲ.."

Poliana က ဧကရာဇ်နားကို တိုးသွားကာ တိုးတိုးလေးပြောလိုက်သည်.

"သူနဲ့ပတ်သက်ပြီးတော့ အရမ်းထူးခြားတာတစ်ခုဖြစ်တော့မှာ"

"ထူးခြားတာ? ဘာများလဲ?"

"ကျွန်မကိုယ်တိုင် ကြားခဲ့တာ အရှင်.. အဲ့တာက.."

Sir Rabi နဲ့ Sir Baufallo တို့အကြောင်းကို သူမ ကြားလိုက်ရပြီးတည်းက ဒီအကြောင်းကို တစ်ယောက်ယောက်ကို ပြောပြချင်နေတာဖြစ်သည်. ဒီကိစ္စက အရေးကြီးတော့ တစ်ယောက်လွဲပြီး တခြားသူတွေကို ပြောပြလို့မရပေ. ပြီးတော့ အဲ့လူကလဲ အခု သူမရှေ့မှာထိုင်နေသည်.

အဆင့်မြင့်အထက်တန်းလွှာက ဘယ်သူမဆို သူတို့ကလေးတွေလက်ထပ်နိုင်ဖို့ ဧကရာဇ်ဆီက ခွင့်ပြုချက်ရဖို့လိုသည်. တကယ်လို့ သူတို့ခွင့်ပြုချက်မရခဲ့ရင် တော်ဝင်မိသားစုက ကောင်းချီးပေးတာ မခံရဘူးလို့ ယူဆကြကာ သူတို့ စည်းစိမ်တွေနဲ့ ဘွဲ့ထူးတွေကို ဆုံးရှုံးရနိုင်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now