အခန်း ၉၁

91 11 0
                                    

Lucius က ဘာကိုမှ သေချာမစဉ်းစားနိုင်တော့တာဖြစ်သည်....... ဒီလိုအခြေအနေကို ဘယ်အမျိုးသမီးက စိတ်ကူးယဉ်ဆန်တယ်လို့ တွေးမှာလဲ? အခုလေးတင် သူမအန်တာကို တွေ့လိုက်ရတဲ့သူက သူမကို ဖွင့်ဟဝန်ခံမယ်.... ဒါက သေချာပေါက် ဆိုးရွားတဲ့အကြံအစည်ဖြစ်ပေမဲ့. ဧကရာဇ်က ဦးနှောက်နဲ့စဉ်းစားနေတာမဟုတ်ပေ.. အခုအချိန်မှာ သူ့နှလုံးသားကသာ သူ့ကို ထိန်းချုပ်နေတာဖြစ်သည်.

ဒါပေမဲ့ သူမှန်တာ တစ်ခုတော့ ရှိသည်. သူတို့က တန်ဖိုးကြီးပြီး စိတ်ကူးယဉ်ဆန်တဲ့ ဇိမ်ခံရေချိုးကန်မှာ ရှိနေကြတာဖြစ်သည်. နေရာတစ်ခုလုံးက ရေနွေးငွေ့တွေ ပျံ့လွှင့်နေပြီး. သူတို့နှစ်ယောက်လုံးကလဲ အဝတ်မပါကြချေ.

ပြီးတော့ သူတို့က တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြတဲ့သူတွေ! ဒါပေါ့ ဧကရာဇ်ရဲ့ စိတ်ဝင်စားမှုနဲ့ Poliana ရဲ့ခံစားမှုကတော့ မတူညီနိုင်ပေမဲ့ သူက အကောင်းမြင်နေသေးသည်.

Lucius သူမနားကိုရောက်သွားတော့ Poliana က ထပ်မံတောင်းပန်လိုက်သည်.

"ကျွန်.. ကျွန်မတောင်းပန်ပါတယ် အရှင်"

"မင်းအခု နေလို့ပိုကောင်းသွားပြီလား? မူးနေသေးလား?"

"ကျွန်မ အခု တော်တော်လေးကောင်းနေပါပြီ Sir"

Poliana က စိတ်ညစ်နေပုံပေါက်နေသေးတာကြောင့် Lucius က သူမကို နှစ်သိမ့်လိုက်သည်.

"အရမ်းစိတ်မညစ်ပါနဲ့. မင်းကိုယ်မင်းအပြစ်တင်စရာမလိုပါဘူး. တခြားသူတွေက မင်းထက်ဆိုးတာတွေတောင် လုပ်ခဲ့ကြသေးတယ်. Inno ဆိုရင် ငါ့အဖေရဲ့ အမှတ်တရဓါးကိုတောင် ချိုးပစ်ခဲ့တာ"

အရင်ဧကရာဇ်ရဲ့ အမှတ်တရဓါးကို ချိုးပစ်ခဲ့တာက သူ့အရှေ့မှာ အန်မိတာထက် ပိုဆိုးတာ သေချာသည်. ဒါပေမဲ့ Poliana ရဲ့မျက်နှာက ပိုရဲလာသည်. သူမက ဒီအခြေအနေကနေ ပျောက်ကွယ်ချင်နေသည်.

Lucius က သူမအဝတ်နဲ့ တဘက်ကို ခုံပေါ်တင်လိုက်ကာ ရေချိုးကန်ထဲ ဆင်းလိုက်သည်. သူက သူမနဲ့နီးကပ်စွာထိုင်ချလိုက်ပေမဲ့ Poliana က ဘေးကို မရွေ့သွားချေ   .ရေမျက်နှာပြင်က အနည်းငယ်မြင့်တက်လာပြီး.. Poliana နဲ့ သူ့ကြားမှာ ငြင်သာတဲ့ရေလှိုင်းလေးတွေ ဖြစ်ပေါ်လာသည်. Lucius က သူမကို ကြည့်လိုက်ပြီး မျက်နှာရဲလာသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now