အခန်း ၁၈၇

46 7 0
                                    

Sir Ainno က ဧကရာဇ်ကို ရှင်းပြလိုက်သည်.

"သူမက နည်းနည်းလေးမှ မယိမ်းယိုင်ခဲ့ဘူး. ဒါက ကျွန်တော်ထင်ထားတာထက် ပိုခက်ခဲတယ်. ကျွန်တော်တို့ Koemong မြစ်ကိုဘယ်လိုဖြတ်မလဲဆိုတာ အဖြေရှာရတာထက် ပိုခက်သေးတယ်. သူမရဲ့ အချစ်ကိုရဖို့ ကံမပါလာဘူး"

"ဒါပေမဲ့ မင်းငါ့ကိုအခုလေးတင်ပြောတာက မင်းလက်ထပ်တော့မှာဆို"

"ဟုတ်တယ်. ကျွန်တော်လက်ထပ်တော့မှာ"

Sir Ainno က Lucius ရဲ့ စားပွဲခုံဆီကို လျှောက်သွားလိုက်ကာ သူ့လက်ကို စားပွဲခုံပေါ်တင်လိုက်သည်. သူက ဧကရာဇ်ဘက်ကို တိုးကာ ပြောလိုက်သည်.

"ကျွန်တော်က အရှင့်လို အတ္တကင်းတဲ့သူမဟုတ်ဘူး. ကျွန်တော်လိုချင်တာရဖို့ ကျွန်တော့်ရဲ့ အာဏာလွှမ်းမိုးတွေအကုန် ကျွန်တော့်မှာ ရှိသမျှအကုန်သုံးမှာ"

တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ခဲ့တဲ့ ဧကရာဇ် Lucius ကတောင် သူချစ်တဲ့ အမျိုးသမီးကို အရမယူနိုင်ပေ. သူ့ရဲ့ ထိန်းချုပ်လို့မရလောက်အောင် ကြီးထွားလာနေတဲ့ တစ်ဖတ်သက်အချစ်ကြောင့် ဧကရာဇ်က တစ်နေ့တစ်ခြား ပိုပြီး ဝမ်းနည်းနေရသည်. Sir Ainno က ဒီလိုဘဝမျိုးကို မလိုချင်ပေ. သူချစ်တဲ့အမျိုးသမီးကို သူလက်မလျော့နိုင်ပေ.

လတ်တလောမှာ သူက Lady Cekel နဲ့ ရင်းနှီးလာစေဖို့ Sir Beke ကို ဖိအားပေးကာ သူ့အိမ်ကို ထမင်းစားဖိတ်ခိုင်းခဲ့သည်. ကံမကောင်းစွာနဲ့ Lady Cekel က အိမ်မှာမရှိပေမဲ့ Viscount Ingreter နဲ့ သူ့ဇနီးတို့က Sir Ainno ကို ကြိုဆိုတုန့်ပြန်တဲ့ပုံစံကြောင့် Sir Ainno က အမှန်တရားတစ်ခုကို သတိပြုမိခဲ့သည်. Cekel ရဲ့မိဘတွေက Sir Ainno ကို ညစာဖိတ်ကျွေးခွင့်ရလို့ ဂုဏ်ယူနေပြီး Sir Ainno က သူလုပ်ခဲ့တာတွေ မှားနေတယ်လို့ ဆုံးဖြတ်ခဲ့သည်. သူက Lucius လုပ်ခဲ့သလိုမျိုး လိုက်လုပ်ဖို့ စဉ်းစားနေခဲ့တာဖြစ်ပေမဲ့ ဒါက မလိုအပ်တော့ပေ.

သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ဧကရာဇ်က သူ့အချစ်တွေကို ဖုံးကွယ်ထားခဲ့ပြီး သူမရဲ့ပျော်ရွှင်မှုအတွက် ဆုတောင်းပေးနေခဲ့သည်. ပထမတော့ Sir Ainno ကလဲ Lady Cekel ရဲ့ မိဘတွေဆီက ခွင့်ပြုချက်ကို မတောင်းခံခင်မှာ သူမရဲ့အချစ်ကို အရင်ရအောင်ကြိုးစားသင့်တယ်လို့ ထင်ခဲ့တာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now