အခန်း ၁၁၉

66 12 0
                                    

Sir Rabi က ပြန်ဖြေလိုက်သည်.


"တောင်ပိုင်းကိုသွားမှာ"

အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသ တည်ငြိမ်နေပေမဲ့ လက်အောက်ခံနယ်မြေတွေကနေ ပုန်ကန်နိုင်ခြေတော့များနေသေးသည်. ကိုယ်စားလှယ်အုပ်ချုပ်သူတွေက သူတို့ရဲ့ ကိုယ်ပိုင်စစ်တပ်ကို အသုံးချကာ လက်အောက်ခံနယ်မြေအသစ်တွေကို ချဲ့ထွင်ကြတာမျိုး ရှိတတ်ကြသည်. ဒါ့ကြောင့် ကိုယ်စားအုပ်ချုပ်သူအဖြစ် ရာထူးပေးအပ်ခံရတာက ကြီးမားတဲ့ ဂုဏ်ယူမှုတစ်ခုဖြစ်တဲ့အပြင် ဧကရာဇ်ကလဲ ယုံကြည်တယ်လို့ အဓိပ္ပါယ်ရသည်.

Poliana က အထင်ကြီးသွားသည်. Sir Rabi က အမှန်တကယ်အာဏာရှိပြီးတော့ လွှမ်းမိုးနိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သက်သေလဲဖြစ်သည်. Poliana က စိတ်ပျက်သွားပြီး ဝမ်းနည်းသလိုလဲ ခံစားလိုက်ရသည်. Bika နဲ့ Ribo မိသားစုတွေက ပြောင်းရွေ့တော့မှာဖြစ်တာကြောင့် သူမနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေကို နှုတ်ဆက်ရတော့မှာပဲဖြစ်သည်.

Sir Rabi က သူမရဲ့အထက်လူကြီးဖြစ်ခဲ့ရတာကို ဂုဏ်ယူတယ်လို့ သူမကို ပြောခဲ့သည်. သူမကလဲ သူ့ကိုအထက်လူကြီးအဖြစ် ရခဲ့လို့ ဂုဏ်ယူမိကြောင်း ပြန်ဖြေလိုက်သည်.

Poliana ကတွေးလိုက်သည်.

'အကုန်လုံးသွားကြတော့မယ်ထင်တယ်'

သူမရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တစ်ချို့ကလဲ သူမကို နှုတ်ဆက်စကားလာပြောခဲ့ကြသည်. လူအများစုက သူတို့ဇာတိမြို့ကို ပြန်သွားကြကာ တစ်ချို့ကတော့ တောင်ပိုင်းကို ပြောင်းရွေ့သွားကြသည်.

လူတိုင်းက သူတို့ဘဝအသစ်အတွက် ထွက်ခွာသွားကြသည်.

Poliana က Sir Rabi ကို မေးလိုက်သည်.

"တခြားစစ်သည်တွေရော ဘာတွေလုပ်ကြမလဲဆိုတာ သိလား?"

"ငါ့စိတ်ထင် Sir Bentier ကတော့ မြို့တော်မှာပဲ နေခဲ့မယ်နဲ့တူတယ်"

"ဪ... Sir Bentier ကလား?"

မင်းရဲ့သူငယ်ချင်းမိတ်ဆွေနဲ့ နီးကပ်စွာနေပါ. ဒါပေမဲ့ မင်းရဲ့ရန်သူတွေနဲ့ ပိုပြီးနီးကပ်အောင်နေပါ.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now