အခန်း ၁၅၁

55 5 0
                                    

Poliana Winter က အမျိုးသမီးတစ်ယောက်ဖြစ်တယ်. Poliana က သူမဘဝတစ်လျှောက်လုံးမှာ ဒီအချက်ကို မမေ့ခဲ့ပေ. သူမက အမျိုးသမီးတစ်ယောက်အဖြစ်မွေးဖွားလာတယ်, အမျိုးသမီးတစ်ယောက်အဖြစ် နေထိုင်ခဲ့ပြီး အမျိုးသမီးတစ်ယောက်အဖြစ် သေဆုံးသွားမှာဖြစ်သည်. သူမက အမျိုးသားတစ်ယောက်လိုမျိုး ဘောင်းဘီဝတ်ထားရင်တောင်, အမျိုးသားတစ်ယောက်လိုမျိုး ဓါးရမ်းနေရင်တောင်, အမျိုးသားတစ်ယောက်လိုမျိုး ဆံပင်အတိုညှပ်ထားရင်တောင်, Poliana Winter က အမျိုးသမီးတစ်ယောက်ဖြစ်သည်. ဒီအချက်က အမှန်တရားဖြစ်တာကြောင့် ဘယ်သူကမှ ငြင်းဆန်နိုင်မှာမဟုတ်ပေ.

လူတွေက ဒီအကြောင်းကိုပြောတိုင်း သူမ စိတ်မသက်မသာဖြစ်တာမျိုးမရှိခဲ့ပေ. သူမက ဘယ်လောက်တောင် 'မိန်းမမဆန်ဘူး'ဆိုတဲ့အကြောင်း ပြောတိုင်းလဲ သူမဘယ်တုန်းက အနေရမခက်ခဲ့ပေ.

အခုအချိန်အထိပေါ့လေ......

သူမက ကလေးမရနိုင်ရင်တောင်မှ... သူမရဲ့ ရင်သားတွေမရှိတော့ရင်တောင်မှ.... ဒီအရာတွေက သူမရဲ့လိင်အမျိုးအစားကို ပြောင်းလဲနိုင်မှာ မဟုတ်ပေ. Poliana က ဒီအချက်ကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဘူး. တစ်ယောက်ယောက်က သူမနဲ့ ဒီအကြောင်းအရာတွေပြောတိုင်း သူမ ပြောစရာစကားမရှိသလိုမျိုး မဖြစ်ခဲ့ဖူးပေ. သူမမှာ ယုံကြည်ချက်ရှိနေသရွေ့ အဆင်ပြေနေမယ်လို့သာ ခံစားခဲ့မိသည်. သူမက မိန်းမမဟုတ်ဘူးလို့ ပြောတဲ့သူတိုင်းကို သူမရဲ့အထူးအရည်အချင်းတစ်ခုဖြစ်တဲ့ သူတို့တွေရဲ့ဘောလုံးကိုကန်တဲ့နည်းနဲ့ သေချာ အပြစ်ပေးခဲ့သည်.

ဒါပေမဲ့... အခုတော့...

ဒီအချိန်မှာတော့....

Poliana က ပြောစရာစကားမဲ့သွားခဲ့သည်... Rebecca က တောင်းပန်လာသည်.

"ကျွန်မ ရိုင်းပြနေတယ်ဆိုတာကို ကျွန်မသိပါတယ်. ကျွန်မက ရှင့်ကို ဒီလိုမမေးသင့်ဘူးဆိုတာကိုလဲ ကျွန်မသိပါတယ် ဒါပေမဲ့ ကျွန်မ မေးမှဖြစ်မယ်. ရှင့်အနေနဲ့ နားလည်ပေးနိုင်ဖို့ စာနာပေးဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး Marquess Winter. ရှင့်အနေနဲ့ Stra ရဲ့ ဝမ်းနည်းမှုတွေ စိတ်မကောင်းမှုတွေကို နည်းနည်းလောက်ပဲဖြစ်ဖြစ် နားလည်ပေးနိုင်ဖို့ ကျွန်မ မျှော်လင့်မိတာပါ. ရှင် အဲ့လိုလုပ်ပေးနိုင်မလား?"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now