အခန်း ၁၁၈

89 12 2
                                    

Bika အမွှာညီအစ်မတွေဖြစ်တဲ့ Vanessa နဲ့ Vaxi

ဒီအမျိုးသမီးလေးတွေက ချမ်းသာတဲ့မိသားစုမှာ မွေးဖွားလာခဲ့ပြီး သူတို့က ချစ်တဲ့ မိဘတွေရှိသည်. သူတို့ ပညာရေးကလဲ အကောင်းဆုံးဖြစ်ပြီးတော့ သူတို့က ချစ်ခင်ကြင်နာဖွယ် အမျိုးသမီးတွေအဖြစ် ကြီးပြင်းလာခဲ့သည်. ဒီအမျိုးသမီးလေးတွေက စစ်သည်ကောင်းတွေဖြစ်လာနိုင်ပေမဲ့ သူတို့က အဲ့အခွင့်အရေးတွေ မရခဲ့ကြပေ. သူတို့သာ စစ်သည်တွေ ဖြစ်လာခဲ့ကြရင်တော့ သူတို့က သင့်လျော်တဲ့လက်ထပ်ကမ်းလှမ်းမှုကို လက်ခံရမှာ မဟုတ်ပေ.

Sir Rabi က Poliana ကို ပြောလိုက်သည်.

"Sir Pol, မင်းက ငါသိသမျှလူတွေထဲမှာ အလုပ်လုပ်ဆုံးပဲ. မင်းအလုပ်ကြိုးစားခဲ့လို့ အာဏာရလာခဲ့တာ. ငါတို့ ဒီနယ်မြေအဆုံးကို ကြည့်ခဲ့ရတာ မှတ်မိလား? ဒီစစ်ပွဲက ကာလရှည်ကြာပြီး ခက်ခဲတဲ့ တိုက်ပွဲဖြစ်ပေမဲ့ ငါတို့ နိုင်ခဲ့တယ်. ငါတို့က ဒီစစ်ပွဲနိုင်ဖို့ ငါတို့ရှိသမျှ အားလုံးနဲ့ကြိုးစားခဲ့ပြီးတော့ ငါတို့ လုပ်နိုင်ခဲ့တယ်. ငါမင်းကို ဘာလို့ပြောပြနေလဲဆိုတော့ မင်းက လိုအပ်တာထက် ပိုလုပ်ခဲ့ပြီးပြီဆိုတော့ မင်းအခုနားလိုက်လဲ ရတယ်. မင်း အလုပ်ဆက်လုပ်နေရင် မင်းမကြာခင်မှာ နောက်ထပ် စစ်ပွဲအသစ်တွေတိုက်ရလိမ့်မယ်. စစ်သားတစ်ယောက်ဖြစ်လို့ စစ်တိုက်ရတာက ရိုးရှင်းပါတယ်. မင်း အမိန့်အတိုင်း လိုက်နာရုံပဲ. စစ်တပ်ထဲက ရာထူးအဆင့်က ရှင်းလင်းပြီးတော့ လွယ်ကူတယ်. ဒါပေမဲ့ အခု မင်းတွေ့ရမဲ့ ကမ္ဘာအသစ်က လုံးဝမတူတဲ့ နယ်မြေအသစ်. ရဲတိုက်ထဲမှာ တွေ့ရမဲ့ ရန်သူတွေက မင်းရင်ဆိုင်နေကြ ရန်သူမျိုးမဟုတ်ဘူး"

Sir Rabi က ဘာပြောဖို့ ကြိုးစားနေတာလဲဆိုတာကို Poliana နားလည်သည်. သူ့ဇနီးပြောတာကို Sir Rabi သဘောတူရတဲ့အကြောင်းက သူက Poliana ကို သူ့မိသားစုတစ်ယောက်အဖြစ် သတ်မှတ်ထားလို့ဖြစ်သည်. သူက သူမကို ဂရုစိုက်သည်. Poliana က ပြန်ဖြေလိုက်သည်.

"Sir Rabi ကျွန်မက အခုနားယူဖို့လိုနေတဲ့ ပင်ပန်းနေတဲ့ စစ်သည်တစ်ယောက်မဟုတ်သေးပါဘူး. ကျွန်မဘဝက ခက်ခဲခဲ့တယ်ဆိုတာ ဝန်ခံပါတယ်. ကျွန်မက သူများတွေထက် ပိုကြိုးစားခဲ့ပြီးတော့ ရှင့်အမြင်မှာတော့ ကျွန်မက ပင်ပန်းနေပြီလို့ မြင်နေမှာပေါ့. ဒါပေမဲ့ ကျွန်မ မပင်ပန်းဘူး. ပြီးတော့ ကျွန်မ လက်လျော့ဖို့ အနားယူဖို့ အဆင်သင့်မဖြစ်သေးဘူး. ရှင်လဲ သိပါတယ် Sir Rabi. ကျွန်မက အရှင့်ရဲ့ စစ်သည်တစ်ယောက်ပါ. အရှင်က ခွင့်ပြုပေးနေသရွေ့ ကျွန်မက သူ့စစ်သည်အဖြစ် ဆက်ရှိနေမယ်"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now