အခန်း ၇

135 28 1
                                    

Poliana ကို ဖမ်းမိဖို့အတွက် Acreian စစ်သားတွေဟာ ရက်ပေါင်းများစွာကြာခဲ့တယ်. 

သူမတပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားလားဆိုတာ သူမ မသိသလို သူတို့အတွက် သူမလုပ်ပေးနိုင်တာလဲ ဘာမှမရှိတော့ဘူး

သူမအဖမ်းခံရတာနဲ့ သူမက ခုခံချင်ယောင်ဆောင်လိုက်တယ် ပြီးတော့ သူမ ဓါးထိုးခံရပြီးပဲဖြစ်ဖြစ် မြှားပစ်ခံရပြီးပဲဖြစ်ဖြစ် အသတ်ခံရဖို့ စောင့်နေလိုက်သည်


ဒါပေမဲ့ သူတို့တွေက သူမကို ကြိုးတွေနဲ့တုတ်လိုက်တာကြောင့် သူမကို အရှင်ဖမ်းလာဖို့ အမိန့်ပေးထားတယ်လို့ သူမတွေးလိုက်သည်


"မင်းတို့ဖမ်းခဲ့တဲ့သူက မှန်ရဲ့လား?"


"ဟုတ်တယ်. အဲ့ခေါင်းဆောင်းကိုကြည့်လိုက်. အဲ့တာသူပဲ"


"အသေအချာပဲ.. ဒီလူက ငါတို့ကို အကြိမ်များစွာလှည့်စားပြီးတော့ ထွက်ပြေးနေတဲ့ ငါတို့ရှာနေတဲ့လူပဲ"


သူတို့တွေက Poliana ကို မြေကြီးပေါ်မှာ ဒူးထောက်ခိုင်းလိုက်တယ်. စစ်သည်တစ်ယောက်ကတော့ သူမကခေါင်းဆောင်းကို ရိုက်လိုက်ပြီးတော့ မေးလာတယ်


"မင်းနာမည်ဘယ်သူလဲ?"


"ငါ့ကို သတ်လိုက်"


စစ်ပွဲအတွင်းမှာ အော်ဟစ်ပြောဆိုထားတာကြောင့် သူမအသံက ကြမ်းတမ်းအက်ရှနေတယ်. ပြီးတော့ သူမက ခေါင်းဆောင်းဝတ်ထားဆဲဖြစ်တာကြောင့် သူမအသံက လုံးဝယောက်ျားအသံဖြစ်နေသည်


စစ်သားတွေက ဘာမှ ပြန်မပြောပဲနဲ့ တစ်ဘက်ကိုလှည့်သွားတယ်.. သူမကို အရှင်ဖမ်းလာခိုင်းတာ သေချာတယ်


Poliana က Acreian စစ်တပ်ကနေ သိမ်းပိုက်ထားပြီဖြစ်တဲ့ သူမရဲ့တပ်စခန်းကို ဆွဲခေါ်သွားခြင်းခံလိုက်ရတယ်.. သူမတပ်ကလူတွေဘာဖြစ်သွားလဲဆိုတာ သူမ မသိနိုင်ဘူး


Poliana က တပ်မှူးတဲအရှေ့က မြေကြီးပေါ်ကို ပစ်ချခံလိုက်ရတယ် ဒါပေမဲ့ သူမရဲ့ဝတ်စုံကြောင့် သူမပစ်ချခံလိုက်တာက အသံပဲထွက်လာတယ်.. စစ်သားတစ်ယောက်က အမိန့်ပေးလိုက်တယ်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now