အခန်း ၆၃

95 13 1
                                    

Poliana Winter က Lucius ရဲ့ တရားဝင်ကိုယ်ရံတော်ဖြစ်လာခဲ့သည်. 


သူမက သူ့ရဲ့သာမာန်ကိုယ်ရံတော်တစ်ယောက်တောင် မဟုတ်တော့ဘူး သူမက တပ်မှူးအဖြစ် တာဝန်ပေးခံခဲ့ရတာဖြစ်သည်. တပ်မှူးဖြစ်ခဲ့တဲ့ Sir Mahogal က တပ်ဖွဲ့ခေါင်းဆောင်ဖြစ်မလာသေးပေ.

ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် Sir Ainno ကရော ဘာဖြစ်သွားလဲ? Lucius က သူ့ကို အထူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်သည်. မျှော်လင့်ထားသလိုပဲ Sir Ainno က ဒီအကြံကို ဆန့်ကျင်လာသည်.

"အရှင်! ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့!"

Sir Ainno က ဆုံးဖြတ်ချက်ပြတ်သားနေပုံရသည်. သူက ဧကရာဇ်ရဲ့တဲရှေ့မှာ မတ်တပ်ရပ်နေပြီး Lucius စိတ်မပြောင်းမချင်း ထွက်သွားဖို့ ငြင်းဆန်နေသည်. Sir Ainno ဆံပင်တွေက ဖရိုဖရဲဖြစ်ကာ ရှုပ်ပွနေသည်

Lucius က သူ့ကို စိတ်ရှုပ်တဲ့အကြည့်နဲ့ ကြည့်လိုက်တော့ Sir Mahogal က ပြုံးလိုက်ကာ တဲအပြင်မှာ ဆန္ဒပြနေတဲ့ စစ်သည်ကို ဖယ်ရှားရန် ထွက်သွားလိုက်သည် Sir Ainno က လွယ်လွယ်နဲ့ ထွက်သွားခိုင်းလို့ရတဲ့သူတော့ မဟုတ်ဘူးပေါ့လေ. Sir Ainno နဲ့ Sir Mahogal တို့ ငြင်းခုံနေတာကို ဧကရာဇ်ကြားလိုက်တဲ့အခါ ဒီအခြေအနေကို ဖြေရှင်းဖို့ သူကိုယ်တိုင်ထွက်လာခဲ့သည်

Lucius က Sir Ainno ကို သူနဲ့အတူသောက်ဖို့ မေးလိုက်သည်

ဒီသူငယ်ချင်းနှစ်ယောက်က အတူတူသောက်လိုက်ကြပြီး ပွင့်ပွင့်လင်းလင်းပြောလာကြသည်

Lucius က သူ့ကို ရှင်းပြနေသည်. သူက Sir Ainno အနေနဲ့ ကိုယ်ရံတော်တစ်ယောက်အဖြစ်ရှိနေတာဟာ အလွန်နှမြောစရာကောင်းကြောင်း နဲ့ စစ်ပွဲတွေမှာပါဝင်သင့်ကြောင်း ရှင်းပြနေသည်. ဧကရာဇ်ကလဲ လုံခြုံနေသည်. တခြားစစ်သည်တွေကလဲ ဧကရာဇ်ကို ကောင်းမွန်စွာကာကွယ်နိုင်သည်. Sir Ainno အနေနဲ့ အခွင့်ရတိုင်း တိုက်ပွဲမှာပါဝင်ဖို့ သဘောကျနေတာကို သူသိနေကြောင်း Lucius က သူ့ကိုပြောလိုက်တယ်

Sir Ainno က ပြန်ပြောလိုက်သည်

"အရှင့်ကို ကာကွယ်ဖို့ ဒီလိုအားနည်းတဲ့သူတွေကို ကျွန်တော်ဘယ်လိုလုပ်ယုံကြည်လို့ရမှာလဲ အရှင်?"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now