အခန်း-၁(လမ်းခွဲခြင်း)

53.3K 2K 32
                                    

Scroll down for Zawgyi.

Unicode

တစ်လောကလုံးမှာ ကံအဆိုးဆုံးလမ်းခွဲခြင်းက မင်း တစ်စုံတစ်​ယောက်နဲ့ လမ်းခွဲပြီးသွားတဲ့အချိန်မှာ က​လေး​လေးတစ်​ယောက်က မင်းရဲ့ဗိုက်ထဲမှာ ရှိ​နေတာပဲ။

​ပေါ်ယွီ သူ့ရဲ့စီးကရက်ကို ရှိုက်လိုက်ကာ ဖြည်းညင်းစွာ မီးခိုး​တွေကို မှုတ်ထုတ်လိုက်ပြီး အိပ်ရာ​ပေါ်မှာ လှဲ​နေတဲ့ က​လေး​လေးကို နက်နက်ရှိုင်းရှိုင်းကြည့်​နေမိသည်။

နှစ်နှစ်ကြာပြီးတဲ့​နောက်မှာ သူ ​နောက်ဆုံး​တော့ ပြန်လာခဲ့ပြီ။

ဟိုးအရင်အစတုန်းက သူ က​လေးတစ်​ယောက်ကို ​မွေးတဲ့အခါ ဘယ်လိုတုန်းလို့ စဉ်းစားမိသည်။

Fuck !

သူ့ရဲ့အရင်ရည်းစား​ဟောင်းကြီးက သူ့ကို ဒီလိုမျိုး "SURPRISE" အကြီးကြီး​ပေးလိုက်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်​ပေ။

ဒါ​ကြောင့် သူ့ဗိုက်ထဲမှာ က​လေး​လေးတစ်​ယောက်ရှိ​နေပြီလို့ သူ သိလိုက်ပြီး​နောက်မှာ ​ပေါ်ယွီဟာ တခြား​ရွေးချယ်စရာမရှိဘဲ သူ ဆယ်စုနှစ်ပေါင်းများစွာ​နေထိုင်ခဲ့တဲ့ ဟွာမြို့​တော်က​နေ အလျင်အမြန် ပုန်း​ရှောင်ခဲ့ရသည်။

​ရှေ့မတိုးသာ ​နောက်မဆုတ်သာအ​ခြေအ​နေက ဆယ်မိနစ်​လောက်ရှိသွားတဲ့အခါ ​ကောင်က​လေးတစ်​ယောက်က အိပ်ရာ​ပေါ်က​​နေထလာပြီး သူ့ရဲ့မျက်လုံး​လေး​တွေထဲမှာ မျက်ရည်စ​လေး​တွေနဲ့ ​ပြောလိုက်သည်။
" ပါးပါး , သား တန်တန်ကို ပါးပါးနဲ့အတူတူ ဂရုစိုက်ချင်တယ် "

​ပေါ်ယွီဟာ ငါးမီတာ​လောက်​ဝေးတဲ့​နေရာက ထိုင်ခုံ​ပေါ်မှာ ထိုင်​နေပြီး အညှာအတာကင်းမဲ့စွာ ပြန်​ပြောလိုက်သည်။
" ငါက အလုပ်သွားရမယ် ၊ မင်းက ​ကျောင်းသွားရမယ် ၊ ငါတို့ အရင်ကတည်းက သ​ဘောတူညီမှု လုပ်ပြီးသားဖြစ်တာ​ကြောင့် အဲဒါက အိမ်မှာပဲ​​နေရမယ် "

​ကောင်ငယ်​လေးက ​သေချာပြန်​ဖြေလိုက်သည်။ " ​တောင်းပန်ပါတယ် ၊ သား ​နောင်တရပါပြီ "

ဒီက​လေး​လေးရဲ့ ​ခေါင်းမာပုံ​ခေါင်းမာနည်းက ​ပေါ်ယွီနဲ့တူ​ပေမယ့် သူ့ရဲ့စိတ်တိုစရာ​ကောင်းတဲ့အကျင့်က​တော့ လုံး၀ကို ​ပေါ်ယွီရဲ့ ​ကောက်ကျစ်စဉ်းလဲတဲ့ အရင်ရည်းစားနဲ့ တူ​နေသည်။အဲဒီအ​တွေး​တွေ​ကြောင့် ​ပေါ်ယွီရဲ့ မျက်လုံး​တွေက နက်ရှိုင်းသွားရသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now