အခန်း-၂၀(အ​ရေး​ပေါ်သတင်း)

7.4K 1.1K 36
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီရဲ့အလုပ်က အရှိန်အဟုန်အား​ကောင်း​နေတဲ့အချိန်မှာ ' ဧရာမပါးစပ်ကြီးက အတင်းအဖျင်း​တွေကို ​ဖော်ထုတ်ရတာ ကြိုက်တယ် ' လို့အမည်ရတဲ့ Weibo marketing user acc အသုံးပြုသူဟာ ' ​ပေါ်ယွီက entertainment ​လောကက​နေ ထွက်သွားသင့်တယ် ' ဆိုတဲ့ သတင်းတစ်ပုဒ်ကို စတင်ဖြန့်ဖြူးလာသည်။

______ အဲဒီ Weibo marketing acc အသုံးပြုသူဟာ entertainment ​လောကရဲ့ အတင်းအဖျင်းသတင်းစကား​တွေကို ​ဖော်ထုတ်ရာမှာ အထူးကျွမ်းကျင်သည်။အထူးသဖြင့် star ​တွေရဲပုံရိပ်ဟာ လူထုကြားမှာရှိတဲ့ သူတို့ရဲပုံရိပ်နဲ့ မတူညီ​တော့တဲ့အခါမျိုးဖြစ်သည်။

ဥပမာ , ပြီးခဲ့တဲ့နှစ်​မေလတွင် ' ဧရာမပါးစပ်ကြီး ' ဟာ ဖြူစင်ရိုးသားလှပါတယ်ဆိုတဲ့ သရုပ်​ဆောင်မင်းသမီးတစ်​ယောက်ရဲ့ စိတ်ပျက်စရာအတိတ်ကို ​ဖော်ထုတ်ခဲ့သည်။သူမဟာ အလုပ်ပြီးတဲ့အချိန်မှာ bar ​တွေသွားရတာကြိုက်ပြီး မတူညီတဲ့ ​ယောကျ်ား​ပေါင်းစုံနဲ့လည်း မကြာခဏ အတူအိပ်တတ်သည်။ ' ဧရာမပါးစပ်ကြီး ' က သူမရဲ့အဲဒီလိုပြုမူ​နေတဲ့ ဓါတ်ပုံ​တွေနဲ့ အဲဒီ​ယောကျ်ား​ပေါင်းစုံရဲ့ဓါတ်ပုံ​ပေါင်းများစွာကို သက်​သေအ​ထောက်အထားအ​နေဖြင့် internet ​ပေါ်မှာ post တင်လိုက်သည်။

လူထုအလယ်မှာ နှစ်​ပေါင်းများစွာ ​ကျောက်စိမ်းအမျိုးသမီး​လေးပုံရိပ်အဖြစ် ဖန်တီးထားခဲ့တဲ့ အဲဒီဖြူစင်ရိုးသားလှပါတယ်ဆိုတဲ့ သရုပ်​ဆောင်မင်းသမီးဟာ ချက်ချင်းပဲ အဲဒီ Weibo marketing acc အသုံးပြုသူ​ရဲ့ ​ဖော်ထုတ်မှုကြောင့် ပျက်စီးသွားခဲ့ရသည်။

​နောက်မှာ​တော့ အဲဒီမင်းသမီးဟာ Weibo အသုံးပြုသူ​တွေနဲ့ အ​တွေ့အကြုံရှိ ဝါရင့် hater ​တွေရဲ့ ရန်လိုတိုက်ခိုက်ခြင်းကို ​မေးခွန်း​တွေ ​ဝေဖန်ချက်​တွေနဲ့ တရစပ်ထိုးနှက်ခံရ​တော့သည်။အခုချိန်မှာ သူမက သရုပ်​ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်​နေတုန်း ဆို​​ပေမယ့်လည်း သူမဟာ အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်မ​ဆောင်နိုင်​တော့ပေ။

သူမရဲ့ပုံရိပ်က ပြတ်ပြတ်သားသား ဖျက်ဆီးခံလိုက်ရပြီး သူမရဲ့တန်ဖိုးလည်း ကျဆင်းသွားခဲ့သည်။သူမဟာ အချိန်တစ်ရက်တည်းနဲ့ လူထုရဲ့အာရုံစိုက်ခြင်းကိုခံရမယ့်အစား အထင်​သေးရွံရှာစက်ဆုပ်ခြင်းကို ခံလိုက်ရ​တော့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now