အခန်း-၉၅(ရိုက်နှက်​စေခြင်း)

3.4K 506 7
                                    

Scroll down for Zawgyi.

Unicode

ညအချိန်တွင် ကုန်သို​လှောင်ရုံအတွင်း၌ စိတ်မချမ်း​​မြေ့ဖွယ် နာနာကျင်ကျင် ​အော်သည်းသံများ ပျံ့လွင့်​နေ၏။

လူအုပ်အလယ်က ယင်းလိဟာ သူ့​​ရှေ့ရှိ ကြမ်းပြင်ထက် ​သွေးထွက်သံယိုဒဏ်ရာများ အလိမ်းလိမ်းဖြင့် မချိတင်ကဲ ​အော်ဟစ်ရင်း လှဲ​လျောင်း​နေ​သော ဟုန်​ဟွေ့အား ရပ်ကြည့်​နေမိသည်။

မူးယစ်ဂိုဏ်းချုပ်က ဟုန်​ဟွေ့​ရှေ့တည့်တည့်တွင် မတ်တပ်​နေ၏။သူ့မျက်နှာတွင် ရက်စက်ကြမ်းကြုတ်မှုများကလည်း အပြည့်။
" မင်းက သစ္စာ​ဖောက်​ကောင်မဟုတ်​တော့ သစ္စာ​ဖောက်တွေ​ကို ​ဖြေရှင်းတဲ့အတိုင်း ငါက မင်းကို မ​ဖြေရှင်းပါဘူး။ဘာလို့ဆို မင်းက သူလျှို​ကောင်မို့လို့​လေ "

မူးယစ်ဂိုဏ်းချုပ်က ဟုန်​ဟွေ့ကို သံသယ၀င်​နေခဲ့ပြီး ဟုန်​ဟွေ့အား ​ထောင်​ချောက်ဆင်ဖမ်းရန် သတင်းမှားတစ်ခု ငါးစာချခဲ့သည်။၎င်းသတင်းအမှားကြီးအား ယင်းလိသည် ဟုန်​ဟွေ့မှတစ်ဆင့် သိရှိကာ ရုတ်တရက် ​ပေါက်ကြားသွားခဲ့သည်။

ယင်းလိ၏ ​အောင်မြင်မှုရရန် စိတ်​လောကြီးမှု​ကြောင့် ဟုန်​ဟွေ့ရဲ့သရုပ်မှန်က လုံးလုံးလျားလျား ​ဖော်ထုတ်ခံလိုက်ရသည်။ယခု မူးယစ်ဂိုဏ်းချုပ်က လူသူအများ​ရှေ့​မှောက်၌ ဟုန်​ဟွေ့အား သူကိုယ်တိုင် ပြစ်ဒဏ်စီရင်​နေသည်။

ယင်းလိကို ကာကွယ်ရန်အလို့ငှာ ဟုန်​ဟွေ့က ​မြေကြီးတွင် ဒူး​ထောက်​နေသည်။သူ၏ လက်​ချောင်းများဟာလည်း ရက်ရက်စက်စက် အဖြတ်ခံထားရ၏။သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ဖုံးအုပ်​နေသည့်တိုင် ​ကျောပြင်ကမူ ​တစ်ဖြောင့်တည်း တန်းမတ်​နေဆဲ။

ယင်းလိ ​​မျှော်လင့်ချက်​တွေပျက်သုဉ်းအားငယ်​နေ၏။​နောက်ဆုံးတွင် သူ ဤသားရဲတွင်းသို့ ​ခြေချလိုက်ကတည်းက ဘယ်လိုတာ၀န်မျိုးကို ထမ်း​ဆောင်​နေရတယ်ဆိုတာ ယင်းလိ နက်နက်နဲနဲ သ​ဘော​ပေါက်ခဲ့ပြီဖြစ်သည်။

သူ ခံစားရမယ့် အကျိုးဆက်က ဘယ်လိုအကျိုးဆက်မျိုးလဲဆိုတာ​ကို​ရော။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now