အခန်း-၁၁၆(အလိမ်အညာ)

2.2K 296 20
                                    

Scroll down for Zawgyi.

Unicode

ချင်ရှန်း ​ဆေးရုံတက်​နေရ​ကြောင်း ချင်လုပ်ငန်းစု၌ သတင်းပျံ့နှံ့သွား​သောအခါ လုပ်ငန်းစုအတွင်းပိုင်းက စတင် လှုပ်ခတ်လာသည်။

ဥက္ကဋ္ဌအသစ်က ​နေရာ၀င်ယူထား​သော်လည်း ​ပေါ်ယွီက ​ငွေကြယ်ပွင့်တစ်​ယောက်ဖြစ်သည့်အပြင် အရင် တစ်ကြိမ်တစ်ခါမျှ ဒီလိုလုပ်ငန်းစုစီးပွား​ရေးမျိုးကို မကိုင်တွယ်ဖူးသူမို့ ချင်လုပ်ငန်းစု၏ ပဲ့နင်းဦး​ထောင်အ​ခြေအ​နေက ပြင်းပြင်းထန်ထန် လှိုက်စား​နေသည်။

သရုပ်​ဆောင်တစ်ဦးက ချင်လုပ်ငန်းစုအား ​ကောင်း​ကောင်းမွန်မွန် စီမံဦး​ဆောင်နိုင်လိမ့်မည်ဟု သူတို့ မယုံ။

​​ပေါ်ယွီတစ်​ယောက် ချင်လုပ်ငန်းစု၏အ​ခြေအ​နေကို မဖမ်းဆုပ်နိုင်မီ သူ့အား စိတ်ပူ၍ ချင်လုပ်ငန်းစုဆီ အ​ပြေးအလွှား ပြန်လာတဲ့ ချင်းရှန်း​ကြောင့် ​ပေါ်ယွီ အံ့သြသွားရသည်။သူ ရုတ်တရက် အာ​စေးမိ​နေ၏။

ဝှီးချဲလ်​ပေါ်မှာ ထိုင်​နေ​သော ချင်ရှန်းဟာ ​ပေါ်ယွီ့ဘေးက ​လျှို့ယွင်ကို ​အေးတိ​​အေးစက် ကြည့်သည်။

လျှို့ယွင်၏အသက်ရှူသံ​တွေက ဆိတ်သုဉ်း​နေသည်။သူ့ခမျာ အဆိပ်ပြင်းပြင်း ​မြွေကြီးတစ်​ကောင် စူးစိုက်ကြည့်​ခြင်းကို ခံ​နေရသည့်ပမာ။ချင်ရှန်းရဲ့အကြည့်​တွေ ဖယ်ခွာသွား​တော့မှ အသက်ရှူ​ချောင်စွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။​သူ့​နောက်​ကျောဝယ် ​ချွေး​စေးများက တရွှဲရွှဲ။

​ပေါ်ယွီ : " အ​မေ ဒီကို ဘယ်လိုလုပ် ​ရောက်လာတာလဲ ??? "

ချင်ရှန်းရဲ့မျက်ခုံးမျက်လုံးများက အ​ရေးမထားဟန် အပြည့်။
" စုန့်ရှီလင် ၊ လျှို့ယွင် ၊ အပြင်ထွက်​ကြ။ ငါ ​ပေါ်ယွီနဲ့ ​ပြောစရာရှိတယ် "

အလကားမတ်တင်း ဒါရိုက်ဘာ​လေးအဖြစ် တာဝန်ထမ်း​ဆောင်​နေရတဲ့ စုန့်ရှီလင်က ဝှီးချဲလ်ကိုင်ထားသည့်လက်ကို လွှတ်​ပေးလိုက်၏။ချင်ရှန်း ထိုင်​နေ​သော ဝှီးချဲလ်အား ​ပေါ်ယွီ ရုံးခန်းထဲ တွန်းဝင်သွားသည်အထိ ​ငေးကြည့်​နေ၍ ထွက်ခွာသွားခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now