အခန်း-၁၂၄(အချစ်စစ်)

1.2K 209 4
                                    

Scroll down for Zawgyi.

Unicode

ဒီနှစ်ရက်၌ ဖရဲသီး​လေး အိမ်ပြန်​ရောက်လာလျှင် ​ပေါ်ယွီ့အား မုန့်ပဲသ​ရေစာစုံပလုံစိ ထုတ်​ကျွေး​နေသည်။မုန့်​တွေအပြင် မိန်းက​လေးဆံညှပ်​လေး​တွေ ၊ ​ခေါင်းစည်းကွင်း​လေး​တွေကမူ အိမ်ကအမှိုက်ပုံးထဲ ​ရောက်ကုန်၏။

​ပေါ်ယွီ စတင်သတိလားမိလာသည်။

သူတို့သားက အသက်​လေး နှစ်နှစ်ရှိ​သေးတာကို ဒီလို​တွေ​တောင် လူကြိုက်များ​နေပြီလား ???

​ပေါ်ယွီခမျာ မအားမလပ် ဂျင်ဂျင်လည်လှသည့် သူ့အချိန်ဇယားထဲမှ မရသည့်အချိန်ကို ဖျစ်ညှစ်ယူကာ ဖရဲသီး​လေးကို ​ကျောင်းသွားကြိုခဲ့သည်။

​တစ်ချိန်က ​ကျောင်းမသွားချင်လို့ ငိုယိုငြင်းဆန်ခဲ့ဖူး​သော ဖရဲသီး​လေးကို ​ပေါ်ယွီ ​ကျောင်းတံခါး၀က​နေ ​သေချာ​လေး လှမ်းကြည့်လိုက်သည်။က​လေး​လေးက အခု​တော့ သူငယ်ချင်း​တွေကို ​ပျော်​ပျော်ရွှင်ရွှင် တာတာ့ပြ​နေသည်။ခပ်ကြီးကြီး မုန်လာဥနီအရွယ် အတန်း​ဖော်တစ်သိုက်က ဖရဲသီး​လေးအနား စကား​တွေ​ကျည်ကျည်ကျာကျာ ၀ိုင်း​ပြော​နေကြသည်။ဖရဲသီး​လေးက တစ်ခုခု ပြန်​ပြောလိုက်သည်ထင်။ထိုအတန်း​ဖော်​လေး​တွေက မခွဲနိုင်မခွာရက်နှင့် မိဘ​တွေ စိတ်မရှည်လက်မရှည် ဆွဲ​ခေါ်ကြသည့်​နောက် ပါသွားခဲ့သည်။

ညှို့ဓါတ်ပိုင်ရှင် ဖရဲသီး​လေးက ​ကျောပိုးအိတ်အပြည့်မုန့်​တွေနဲ့အတူ ​ကျောင်းအပြင်သို့ ထွက်လာသည်။​ကျောင်းတံခါး၀မှာ ​စောင့်​နေသည့် ​ပေါ်ယွီ့လက်​ထောက်ကို မြင်​သောအခါ ​ခေါင်း​လေး​ထောင်၍ မျက်လုံး​လေး​တွေ ဘလင်းဘလင်း ​တောက်ပသွားသည်။

ပါးပါး လာကြိုတယ် !!!

ဖရဲသီး​လေးက သူနှင့်ရင်းနှီး​နေသည့် ​ပေါ်ယွီ့ကားကို လူအုပ်ကြီးအတွင်းမှ မြန်မြန်ဆန်ဆန် ရှာ​တွေ့ပြီး ​အ​လောတကြီး ​ပြေးသွားသည်မို့ က​လေး​ပျောက်မှာ​ကြောက်သည့် လက်​ထောက်က အ​နောက်က​နေ ဒ​ရော​သောပါး လိုက်ရ၏။

ကားတံခါးပွင့်ပွင့်ချင်း သူ့ဆီ ပစ်၀င်လာ​သော ဖရဲသီး​လေးအား ​ပေါ်ယွီ ဆီးဖမ်းလျက် က​လေး​လေး​ကျော​ပေါ်က မုန့်အပြည့်ပါသည့် ​ကျောပိုးအိတ်ကို ကိုင်ဆကြည့်လိုက်​သော် အ​နည်းငယ် ​လေး​သည်။ဖရဲသီး​လေးမှာမူ ​ပေါ်ယွီ့​ပွေ့ဖက်မှုထဲ၌ လူးလိမ့်​ပျော်မြူး​နေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now