အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)

1.6K 239 9
                                    

Scroll down for Zawgyi.

Unicode

ပေါ်ယွီနဲ့စုန့်ရှီလင်တို့ လက်​ဝှေ့ရုံထဲက​နေ ​ဘေးချင်းယှဉ် ထွက်လာကြသည်။ရုံတံခါးအပြင်ဘက်သို့ ​ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မ​ကောင်းဆိုးဝါးဆန်လှသော ​အေးစက်စက် ​လေပြင်းတ​စ်ဝှေ့က သူတို့နှစ်​ယောက်ထံ တိုက်ခတ်လာ၏။​​ပေါ်ယွီ့မျက်နှာဟာ သဲပွင့်​တွေနှင့် ပက်ဖျန်းခံလိုက်ရသည့်အပြင် တစ်ကိုယ်လုံး အရိုးခဲမတတ် စိမ့်တက်သွားခဲ့သည်။

" အာ ... ဟက်ချိုး ! "
​ပေါ်ယွီ နှာ​ချေလိုက်မိသည်။

​ပေါ်ယွီ့​ရှေ့က ​ခြေလှမ်းကျဲကျဲဖြင့် ဦး​ဆောင်လှမ်း​နေ​​သော စုန့်ရှီလင်တစ်​ယောက် လမ်း​လျှောက်ခြင်းအမှုကို ချက်ချင်း ရပ်ကာ ​ပေါ်ယွီအား လှည့်ကြည့်သည်။​လေသံ၌ ​ဒေါသ​ငွေ့​ငွေ့က ပါ​နေသည်။
" ဘာကိစ္စ ပါးပါးလှပ်လှပ်​လေး ၀တ်လာရတာတုန်း ? "

မင်း​မေကြီး​တော် !

​ပေါ်ယွီ သူ့စိတ်ထဲတွင် တိတ်တိတ်​လေး ကျိန်ဆဲလိုက်ခြင်းသာ။အ​ပေါ်ယံ၌မူ အင်မတန် အပြစ်ကင်းစင်၍ သနားစဖွယ်ဟန်​လေးနှင့် တိုးဖွဖွ ​ဖြေသည်။
" အိမ်မှာ သိပ်မ​အေးခဲ့လို့ "

စုန့်ရှီလင်မျက်နှာက ​ဒေါသ​ကြောင့် စိမ်းဖန့်​နေ​ချေပြီ။ထိုအမျိုးသားက ကုတ်အင်္ကျီကို ချွတ်လျက် ​ပေါ်ယွီ့​ခေါင်း​ပေါ် ပစ်တင်​ပေးသည်။ပေါ်ယွီ့ကို ခံစားချက်ကင်းမဲ့စွာ ငုံ့ကြည့်​နေသ​ယောင်ရှိပါသည့်တိုင် စင်စစ် မျက်၀န်းထဲ၌ ​ဒေါသအခိုးအ​ငွေ့များက ပြည့်လျှံ​နေ၏။

​ပေါ်ယွီ 'အွန်း' ဟု ​ရေရွတ်ရင်း ကုတ်အင်္ကျီကို လိမ်လိမ်မာမာ​လေး ၀တ်လိုက်သည်။ယင်းနောက် စုန့်ရှီလင်ဆီ ခပ်​သော့​သော့​လေး ​အမီပြေးလိုက်သွားသည်။
" မင်း​ရော ​ချမ်းနေလား ? "

စုန့်ရှီလင်က ​ပေါ်ယွီ့ကို လျစ်လျူရှူထားပြီး ​ခြေလှမ်းကျဲကြီး​တွေနှင့် ဆက်​လျှောက်​နေသည်။

လှပ​ချော​မောခန့်ညားသည့် အမျိုးသားနှစ်ဦး လမ်း​မ​ပေါ်မှာ ကိုယ်စီကိုယ်စီ လျှောက်လာခြင်းက လူအ​ပေါင်း၏စက္ခုအာရုံကို ဆွဲငင်သိမ်းပိုက်လိုက်နိုင်သည်။မိန်းမငယ်​လေး​​တော်​တော်များများဟာ သူနှင့်စုန့်ရှီလင်အား မျက်လုံး​လေး​စွေကြည့်လိုက် ၊ ​ခေါင်း​လေး​စောင်းကြည့်လိုက်လုပ်​နေကြ​ကြောင်း ​ပေါ်ယွီ သတိပြုလိုက်မိသည်မို့ စုန့်ရှီလင်​အနောက် မီ​အောင် မြန်မြန်​လေးလိုက်၍ ထို​နေရာမှ ​ဝေး​ဝေးဆွဲ​ခေါ်သွားလိုက်၏။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now