အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)

5.9K 806 21
                                    

Scroll down for Zawgyi.

Unicode

<ချစ်စရာ့ က​လေးငယ်> ရှိုးထုတ်လွှင့်မှု​​ကြောင့် ​ပေါ်ယွီရဲ့စီးပွား​ရေးတန်ဖိုးဟာ ကြီးကြီးမားမား ​ထောင်တက်လာသည်။အစီအစဉ် ရိုက်ကူးစဉ် ဖရဲသီး​​လေးရဲ့အပြုအမူ​လေးများ​ကြောင့်လည်း ​ပေါ်ယွီ​ရော ဖရဲသီး​လေးမှာပါ ​အောင်မြင်​ကျော်ကြားမှု​တွေကို တစ်ဟုန်ထိုး ရရှိခဲ့သည်။

ရိုက်ကူး​ရေးအပြီး၌ များစွာ ​နာမည်ကြီး ရေပန်းစား​နေ​သော ​ပေါ်ယွီက ​လေယာဉ်ဖြင့် ပြန်လာခဲ့သည်။​လေယာဉ်ဆိုက်​သောအခါ ​လေဆိပ်တွင် သူ့အား ​စောင့်ကြို​နေကြသည့် ပရိသတ်တအုံတမကြီး မြင်၍ ​ပေါ်ယွီတစ်​ယောက် ​ခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရသည်။

သူက လူသိများ ​အောင်မြင်လာတာကို သ​ဘောကျ​သော်လည်း အခု သူ့ကို ကြိုဆိုရန် ​စောင့်​​နေကြတဲ့ လူအုပ်ကြီးက လူ​တွေ အများကြီးဖြစ်သည်။မ​တော်လို့များ မ​ကောင်းတဲ့ကိစ္စ တစ်စုံတစ်ရာ ဖြစ်ခဲ့မည်ဆိုလျှင် ပထမဆုံး လူတကာ အပြစ်တင်စွပ်စွဲခြင်းကိုခံရမည့်သူမှာ သူသာဖြစ်သည်။

ထိုအချိန်၌ လူအုပ်ကြီးထံမှ အသံဗလံများကို ​ပေါ်ယွီ ကြားလိုက်ရသည်။

" ဖရဲသီး​လေး​ရေ ၊ ကျယ်ကျဲကို အကြည့်​​လေးတစ်ချက်​လောက် စွန့်ကြဲပါဦး !!! "

" မင်းရဲ့ဆံပင်​နောက်မြှီး​လေးက အရမ်း အရမ်း ချစ်ဖို့​ကောင်းတာပဲ !!! "

" ဖရဲသီး​လေး ၊ ကျယ်ကျဲနဲ့အတူတူ အိမ်လိုက်ခဲ့မလား ???!!! "

" ဖရဲသီး​လေး !!! ဒီကိုကြည့် ၊ ဒီကိုကြည့်။ အူယားစရာ​လေးဟယ် !!! "

သူ့ရဲ့အူတူတူသား​လေး​လောက်ပင် အချစ်မခံရ​တော့တဲ့ ​ပေါ်ယွီက ​ခြေလှမ်းခပ်သွက်သွက် လှမ်းရင်း လုံခြုံ​ရေးများ၏ ကာကွယ်မှု​အောက်တွင် ​လေဆိပ်မှ ထွက်သွားလိုက်သည်။သူက MPV ကားကြီးအတွင်းသို့ ၀င်လိုက်ပြီး သူ့လက်​မောင်းထဲ၌ ငြိမ်ငြိမ်သက်သက်​လေး ​နေ​,နေ​သော ဖရဲသီး​လေးအား သိချင်စွာ ​မေးလိုက်သည်။   " မင်း အဲဒီမမလှလှ​တွေကို ဘာလို့ ပြန်မနှုတ်ဆက်လိုက်တာလဲ ??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now