အခန်း-၁၄(စို​ပြေ​စေခြင်း)

8.4K 1.2K 5
                                    

Scroll down for Zawgyi.

Unicode

​နောက်တစ်​နေ့တွင်။နှစ်နှစ်လုံးလုံး တစ်​ယောက်တည်း​ဖြစ်ခဲ့ရတဲ့​ပေါ်ယွီက ​နောက်တစ်ကြိမ်ပြန်ပြီး နာမည်​ကျော်ကြားလာတဲ့အခါမှာ သူက သူ့ရဲ့ဆွဲ​ဆောင်မှုကို မရည်ရွယ်ဘဲ စတင်ထုတ်လွှတ်လာခဲ့သည်။ရင့်ကျက်တဲ့အမျိုးသားတစ်​ယောက်ရဲ့ ညှို့ဓါတ်ကိုပါ ထပ်​ပေါင်း​လောင်းထည့်လိုက်တာ​ကြောင့် သူ့​ရဲ့ဘေးပတ်၀န်းကျင်မှာရှိတဲ့ အမျိုးသမီးထုကြီးရဲ့ အာရုံစိုက်မှုကို အကြီးအကျယ် ဆွဲ​ဆောင်​နေ​တော့သည်။

အသက်ငယ်ငယ် မိတ်ကပ်ဆရာမ​လေး လုလုက သူမ့သူငယ်ချင်းကောင်းရဲ့ပုခုံးကို ပုတ်ပြီး တီးတိုး​ပြောလိုက်သည်။   " ငါတို့ သူ့ကို တစ်ရက်​လောက် မ​တွေ့လိုက်တာနဲ့ပဲ ဘာလို့ သူက အရမ်း ... အီစီကလီပုံ​ပေါက်လာရတာလဲ ? "

" သူက အရမ်းးး sexy ကျ​နေတာပါ , ဟုတ်ပြီလား ? ငါ့ idol ကို မ​စော်ကားနဲ့ !!! "   တစ်ဖက်က မိန်းမငယ်လေးဟာ မ​ကျေမနပ်နဲ့ ပြန်​ပြောလိုက်ပြီး အ​ဝေးက ​ပေါ်ယွီရဲ့​ကျောပြင်​လေးကို ချစ်ခင်မြတ်နိုးတဲ့မျက်လုံး​တွေနဲ့ ​ငေးကြည့်​နေသည်။

လုလုက နှုတ်ခမ်းမဲ့ကာ ​လှောင်​ပြောင်လိုက်ပြီး သူမသူငယ်ချင်းက တကယ် ပျင်းစရာ​ကောင်းတာပဲလို့​တွေးမိသည်။​ပေါ်ယွီက ရုပ်​ချောတဲ့ star တစ်​ယောက်သာသာပဲဟာကို။ သူက နှစ်​ပေါင်းရှစ်ရာအတွင်း ​ယောကျ်ားတစ်​ယောက်ကို​တောင် မမြင်ဘူးသလိုမျိုး တစ်​နေကုန် ​ပေါ်ယွီကို အရူးအမူးဖြစ်ပြ​နေလိုက်တာ။တခြားလူ​တွေက ​ပေါ်ယွီကို သူ သ​ဘောကျတယ်ဆိုတာ သိသွားကြမှာကိုလည်း ​ကြောက်​သေးတယ်။

ပြီး​တော့ , ​ပေါ်ယွီက အရမ်းကြီး​ချော​မော​နေတာမျိုးလည်း မဟုတ်ပါဘူး။ငါ​တော့ သူ ဘာကိစ္စ​ ​ပေါ်ယွီကို အဲဒီ​လောက်အရူးအမူးဖြစ်​နေရသလဲဆိုတာ တကယ့်ကို နားမလည်နိုင်ဘူး

အမျိုးသား​ဟော်မုန်း​တွေနဲ့ နှစ်လိုဖွယ်ရာအမျိုးသားက​တော့ ရိုက်ကွင်းထဲမှာရှိတဲ့ မိန်းမငယ်​လေး​တွေရဲ့မျက်လုံး​တွေဟာ သူ့ကို ​ငေး​နေကြတာကို မသိ​ပေ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now