အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)

6.2K 1K 48
                                    

Scroll down for Zawgyi.

Unicode

​မော့အန်းယွီဟာ ​မော့မိသားစုရဲ့တတိယ​မြောက် က​လေးဖြစ်သည်။သူ့မှာ အစ်ကိုကြီးနှစ်​ယောက်ရှိပြီး သူ့ရဲ့မိသားစုကလည်း သူ့ကို အရမ်းအလိုလိုက်ထားကြသည်။ဒါ​ကြောင့် ​မော့အန်းယွီ အသက်ဆယ့်ရှစ်နှစ်ပြည့်တဲ့အချိန်တုန်းက သူဟာ ကုမ္ပဏီမှာ ၀င်မလုပ်ဘဲ entertainment ​လောကထဲမှာ အလုပ်လုပ်ချင်တယ်​ပြောတဲ့အခါ သူတို့က သ​ဘောတူလက်ခံပေးခဲ့ကြသည်။

အထူးသဖြင့် သားအငယ်ဆုံး​လေးကို အရမ်းချစ်တဲ့ ​မော့​မေ​မေက ​မော့အန်းယွီကို အိမ်​ပြောင်း​နေထိုင်ဖို့ ခွင့်ပြုခဲ့​ပေမယ့် အပတ်တိုင်း တစ်ရက်​လောက် အိမ်ပြန်​နေဖို့ ​ပြောထားသည်။

ဒါ​ကြောင့် ​မော့အန်းယွီက တစ်ပတ်မှာ တစ်ရက် အိမ်ပြန်​လေ့ရှိသည်။

အဲဒီ​နေ့မှာက ဖရဲသီး​လေးရဲ့မူကြို​ကျောင်း ပိတ်ရက်ဖြစ်​နေသည်။မူလက​တော့ ​မော့အန်းယွီဟာ ဖရဲသီး​လေးကို ကစားဖို့အတွက် အပန်း​ဖြေဥယျာဉ်ဆီ ​ခေါ်သွား​ပေးဖို့ စီစဉ်ထား​ပေမယ့် ​မော့​မေ​မေရဲ့ဖုန်းဆက်​ခေါ်မှု​ကြောင့် ဖရဲသီး​လေးနဲ့အတူ ​မော့အိမ်​တော်ဆီကိုသာ ပြန်လိုက်ရသည်​။

​မော့မိသားစုမှာ က​လေးငယ်​တွေ အများကြီးရှိသည်​။​မော့အန်းယွီ အိမ်​တော်ကို ​ရောက်တဲ့အခါ သူ့ဦး​လေး​တွေရဲ့​မြေး​တွေ​တော်​တော်များများက အတူတူ ​ဆော့ကစား​နေကြတာကို မြင်ပြီး သူက ဖရဲသီး​လေးကိုပါ သူတို့နဲ့အတူတူ သွား​ဆော့ဖို့ ​ပြောလိုက်သည်။

ဖရဲသီး​လေးက လူစိမ်း​တွေကို ​ကြောက်ရွံ့​နေ​ပေမယ့် ​မော့အန်းယွီရဲ့ ယတိပြတ်မျက်နှာအမူအရာကို မြင်တဲ့အခါမှာ သူ နာခံစွာနဲ့ပဲ သူငယ်ချင်းအသစ်​တွေဆီ မိတ်ဖွဲ့ဖို့ သွားလိုက်သည်။

​မော့အန်းယွီက ​​ဘေးမှာရှိတဲ့အ​စေခံ​တွေကို ​စေခိုင်းညွှန်ကြားကာ စိတ်​ကျေနပ်​နေတဲ့ မျက်နှာအမူအရာနဲ့အတူ အခန်းထဲကို ၀င်သွား​တော့သည်။

ဖရဲသီး​လေးရဲ့ ပင်ကိုယ်စရိုက်အရ သူဟာ တခြားလူ​တွေနဲ့ ​သေချာ​ပေါက်ကို အံ၀င်ခွင်ကျ မဖြစ်နိုင်​ပေ။ဖရဲသီး​လေးက အဲဒီလူစိမ်းက​လေး​တွေကို ​ကြောက်ရွံ့​နေပြီး သူတို့နဲ့သွားမကစားခင်မှာ အချိန်အကြာကြီး တုံ့ဆိုင်း​နေခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now