အခန်း-၁၂၂(၀ိတ်ချခြင်း)

1.4K 233 8
                                    

Scroll down for Zawgyi.

Unicode

《 Secret Agent 》ရုပ်ရှင်မိတ်ဆက်ပွဲလည်း ပြီးဆုံးသွားပြီမို့ ပေါ်ယွီ နှစ်ရက်ခန့် အိမ်မှာ နားနား​နေ​နေ အနားယူခဲ့သည်။

သို့တိုင် အချိန်ပြည့် အလုပ်များ​နေတတ်တဲ့ စုန့်ရှီလင်ကမူ ဒီတ​လော အံ့သြယူရ​လောက်​အောင်ကို အလုပ်ရှုပ်​နေ၏။မနက်​စော​စော ခုနစ်နာရီဆို ရုံးသွားသည် ၊ ညဆယ်နာရီထိုးမှ အိပ်ပြန်လာသည်။အိမ်​ကိုရောက်လျှင် စာကြည့်ခန်းထဲဝင် အလုပ်လုပ်​နေကာ မအိပ်နိုင်ဘဲ မိုးလင်း​ပေါက်သွား​လေ့ရှိသည်။

​ပေါ်ယွီ ရှာစရာ​လေးရှိလို့ စာကြည့်ခန်းထဲ ၀င်ခဲ့စဉ် စုန့်ရှီလင် စားပွဲ​ပေါ် တင်ထားသည့် ဖိုင်တစ်ခုကို မ​တော်တဆ ​တွေ့ခဲ့သည်။ယင်းဖိုင်ထဲ၌ ဟွားချန်မြို့​တော်ရှိ အလားအလာ​ကောင်းမွန်​​​သော ကုမ္ပဏီငယ်​လေးများအား ၀ယ်ယူမှုစာရွက်စာတမ်း​တွေ ပါ၀င်​နေသည်။

​​ပေါ်ယွီ ထို၀ယ်ယူမှုစာရင်းများကို ဖတ်ကြည့်လျက် သံသယပွားလာခဲ့သည်။

စုန့်ရှီလင်၏ရာထူးအရ သူ့အ​နေနှင့် ​သေး​သေးဖွဲဖွဲကိစ္စ​လေး​တွေ - ဥပမာ ၊ မိမိ မျက်စိကျတဲ့ ကုမ္ပဏီငယ်​လေး​တွေကို ၀ယ်ယူတာမျိုးကို ​ထွေထူးအလုပ်ရှုပ်ခံ​နေရန် မလိုအပ်ပါ​ချေ။စုန့်လုပ်ငန်းစုတွင် သည့်အတွက် သီးသန့်တာ၀န်ယူရ​သော ဋ္ဌာနတစ်ခု သပ်သပ်ရှိသည်။

' ဘာကိစ္စဖြစ်တာလဲ ' ဟု စုန့်ရှီလင်ကို ​ပေါ်ယွီ ​မေးလိုက်ချင်​ပေမင့် ​နေ့တိုင်း မနက်အ​စောကြီး ရုံးသွား ၊ ညကြီးမိုးချုပ် အိမ်ပြန်လာ​သည်အထိ အင်မတန် အလုပ်များ​နေ​သော စုန့်ရှီလင်ကို မြင်​​နေရသည့်အ​လျောက် သူ မသိသယောင်​ဆောင်​နေရသည်။

​ပေါ်ယွီ အတွင်း​ရေးမှူးချူကို ​ချောင်ပိတ်​​မေးမှသာ တစ်ဖက်လူပါးစပ်က​နေ ဒီတ​​လော စုန့်ကုမ္ပဏီအ​ခြေအ​နေကို သိခဲ့ရ​လေသည်။

​ပေါ်လျန်က ဟွားချန်မြို့၌ စုန့်လုပ်ငန်းစုနှင့် ပူး​ပေါင်းမှုစာချုပ်ကို ဖျက်သိမ်းလိုက်သည်။အဲဒီလိုနှင့် စုန့်ကုမ္ပဏီက ​ဖောက်သည်အ​မြောက်အများကို အချိန်တိုအတွင်း ဆုံးရှုံးလိုက်ရ၏။စုန့်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌဖြစ်သည့်အပြင် ​ပေါ်ယွီ့ချစ်သူပါဖြစ်​နေတဲ့ စုန့်ရှီလင်ကို ရှယ်ယာရှင်များက ၀ိုင်းဖိအား​ပေး​နေကြသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now