အခန်း-၅၂(ဒွိဟဖြစ်ခြင်း)

6.3K 1.2K 48
                                    

Scroll down for Zawgyi.

Unicode

စား​သောက်ပြီးတဲ့​နောက် အားလုံး ​ပျော်ရွှင်​နေကြသည်။သူတို့သုံး​ယောက်ဟာ စား​သောက်ဆိုင် တံခါး​ရှေ့မှာ မတ်တပ်ရပ်ရင်း တစ်ယောက်နဲ့တစ်​ယောက် နှုတ်ဆက်စကား ဆိုလိုက်ကြသည်။

အမျိုးသမီး​ခေါင်း​ဆောင်အယ်ဒီတာက ချူဖန်းကို သံ​ယောဇဉ်အမျှင်တန်းပြီး ကြည့်​နေ​ပေမယ့် သူမကို အိမ်ပြန်လိုက်ပို့​ပေးဖို့​တော့ ချူဖန်းဆီ မ​ပြော​ချေ။သူမဟာ ငါးကြီးကြီး ဖမ်းဖို့အတွက် ကြိုးရှည်ရှည်ဆွဲ​နေတာလည်း ဖြစ်နိုင်သည်။

တစ်ဦးတည်းရှိတဲ့ အမျိုးသမီး ထွက်ခွာသွားတဲ့အခါ ကျန်ရှိ​နေတဲ့ အမျိုးသားနှစ်​ယောက်က အခြား​ရောက်တက်ရာရာ ​ထွေရာ​လေးပါးကို စတင်​ပြောဆို​နေကြသည်။

ကားပါကင်က ဒီအနီးအနားတင်ရှိတာ​ကြောင့် သူတို့ ခဏတစ်ဖြုတ်​လောက်ပဲ ​လမ်း​လျှောက်သွားဖို့ လိုအပ်သည်။

ချူဖန်း ​ပြောလိုက်သည်။   " ​နောက်နှစ်ရက်​နေရင် က​လေး​တွေ ​ကျောင်းပိတ်ပြီ​​လေ။ ပြီး​တော့ ငါ့သားက မင်းရဲ့သားနဲ့အတူတူ မင်းအိမ်ကို သွားမယ်ဆိုပြီး ငါ့လာဂျီကျ​နေတာ။ အဲဒါ မင်းအတွက် အဆင်​ပြေရဲ့လား ? "

" ခင်ဗျားရဲ့သားနာမည်က ဘာလဲ ? "   ​ပေါ်ယွီ ​မေးလိုက်သည်။

" ချူလင်းရွှီ "   ချူဖန်းက ​ပေါ်ယွီ့ကို ပ​ဟေဠိဖြစ်​နေတဲ့ မျက်လုံး​တွေနဲ့ ကြည့်လိုက်သည်။   " သူက နည်းနည်း ၀တယ်လေ "

​ပေါ်ယွီ   ;   " ...... "

ဖရဲသီး​လေးရဲ့​ဘောင်းဘီကို ဆွဲချွတ်ခဲ့တဲ့ ၀တုတ်​လေးက သူ့ရဲ့အမုန်းတရား​တွေ​ကြောင့် သူ့ကို ကြိုက်လာတာများလား ???

ချူဖန်းက တခြားအ​ကြောင်းအရာတစ်ခုကို ​ပြောလိုက်သည်။   " တင်းဖန်​အေဂျင်စီနဲ့ ချုပ်ထားတဲ့ မင်းရဲ့စာချုပ်က ​နောင်နှစ်ဆိုရင် သက်တမ်းကုန်ပြီ​လေ။ မင်း အလုပ်​နေရာ​ပြောင်းဖို့ စဉ်းစားကြည့်ဖူးလား ? "

​ပေါ်ယွီ မျက်ခုံးပင့်သွားသည်။   " မစ္စတာချူ , ခင်ဗျားရဲ့ကုမ္ပဏီကို၀င်ရင် ဘာအကျိုးအမြတ်​တွေ ရှိလို့လဲ ? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now