အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)

8.2K 1.2K 30
                                    

Scroll down for Zawgyi.

Unicode

" မင်းက ​ဒီက​လေးအရိုင်းအစိုင်းကို ဂရုစိုက်ဖို့အတွက်နဲ့ ငါ့ကို ​ဒီရက်​တွေမှာ တစ်​ယောက်တည်းထားခဲ့တာလား !!? "   ချီယန်က စုန့်ရှီလင်ကို စိန်းစိန်းဝါးဝါးကြည့်ရင်း တံခါးကို ပိတ်ကာ အထဲ၀င်လာခဲ့သည်။

စုန့်ရှီလင်က အနည်းငယ် မျက်​မှောင်ကြုတ်သွားသည်။   " တကယ်လို့ မင်းမှာ တစ်ခုခု​ပြောစရာရှိရင် အပြင်ထွက် လမ်း​လျှောက်ရ​အောင် "

" ဒီက​လေးက ​ပေါ်ယွီ့ဟာမလား ။ မင်း သူနဲ့ ကိစ္စ​တွေရှိ​နေတာလား ? ဘာကိစ္စလဲ ?!! "

ချီယန်ရဲ့လက်​တွေဟာ တဆတ်ဆတ် တုန်ယင်​နေပြီး သူက မျက်လုံးထဲမှာ မျက်ရည်အပြည့်နဲ့ ​ပြောလိုက်သည်။   " ရှီလင် , မင်း ငါ့ကို မချစ်ဘူးလား ? "

" ချီယန် , ငါတို့က ပြီးသွားပြီ ။ ငါ မင်းကို အ​ကြွေး​ပေးစရာ ဘာမှမရှိ​တော့ဘူး ။ ငါ့အ​မေကိစ္စ မတိုင်ခင်​လေးတုန်းကထိ မင်းကို entertainment ​လောကမှာ နာမည်ကြီးလာ​အောင် ငါ ကူညီ​ပေးခဲ့ပြီးပြီ "   စုန့်ရှီလင်ရဲ့နှုတ်ခမ်း​တွေက တင်းတင်း​စေ့ပိတ်ထားပြီး သူ့ရဲ့နက်ရှိုင်းလှတဲ့ မျက်၀န်း​တွေထဲမှာ ​ဒေါသ​တွေကို ချုပ်တည်း​နေရသည်။

အတွင်း​ရေးမှူးချူက အလွန်အမင်း ကသိက​အောက်ဖြစ်​နေဟန်နဲ့ အထဲကို ကပျာကသီ ၀င်လာခဲ့သည်။

စုန့်ရှီလင်က ခပ်တိုးတိုး ဆိုလိုက်သည်။   " က​လေးကို အပြင်​ခေါ်သွားလိုက် ။ ငါ ချီယန်နဲ့ စကား​ပြောစရာရှိတယ် "

အတွင်း​ရေးမှူးချူက ထိတ်လန့်မှု​ကြောင့် မင်တက်​နေတဲ့ ဖရဲသီး​လေးကို လျင်မြန်စွာ ​ခေါ်သွားပြီး တံခါးပိတ်​ပေးလိုက်သည်။

" မင်းအ​မေ​ရှေ့မှာ ​ပေါ်ယွီ့အ​ကြောင်း ငါ တိုင်​ပြောလိုက်တာကို မင်း မ​ကျေနပ်ဘူးဆိုတာ ငါ သိပါတယ် ။ ဒါ​ပေမယ့် မင်း သိလား , ငါက မင်း ငါ့ဆီ ပြန်လာဖို့ ​မျှော်လင့်ခဲ့ရုံ​လေးပါ "   ချီယန် ရှင်းပြလိုက်သည်။

စုန့်ရှီလင်က မျက်ခုံးပင့်ကာ ချီယန်ကို ခံစားချက်ကင်းမဲ့စွာနဲ့ ကြည့်ပြီး ​ပြောလိုက်သည်။   " ဒါက မင်း ငါ့ကို ​ပြောချင်တာ အကုန်ပဲလား ? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now