အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)

7.1K 1.1K 53
                                    

Scroll down for Zawgyi.

Unicode

ဖုန်း​ခေါ်တဲ့သူက စုန့်​မေ​မေ , အဲဒါက စုန့်ရှီလင်ရဲ့အ​မေဖြစ်သူပဲဖြစ်သည်။

ဘာ​ကြောင့်များ ဒီလူချမ်းသာအမျိုးသမီးက သူ့ကို ဆက်သွယ်ရသလဲဆိုတာ ​ပေါ်ယွီ မသ်ိပေ။သူက စုန့်ရှီလင်နဲ့ ဟိုးအရင်ကတည်းက လမ်းခွဲပြီးသွားကြပြီဆိုတာကို သူမ သိပြီးသင့်​နေပြီဖြစ်သည်။ဒါ​ကြောင့် သူ့ကိုလာပြီး ပြသာနာရှာဖို့ သူမအတွက် မလိုအပ်​ပေ။

ဒါ​ပေမယ့် ဘ၀အ​တွေ့အကြုံများတဲ့ လူတစ်​ယောက်အ​နေနဲ့ ​ပေါ်ယွီ ခဏမှင်တက်သွားပြီး​နောက် သ​ဘော​ပေါက်သွားခဲ့သည်။___ တကယ်လို့ မင်းက တခြားလူ​တွေကို ပြသာနာမရှာရင် တခြားလူ​တွေက မင်းကို လာပြီးပြသာနာရှာကြလိမ့်မယ်။

​နောက်စက္ကန့်မှာပဲ စုန့်​မေ​မေရဲ့နာမည်က ဖုန်းဖန်သားပြင်​ပေါ်မှာ ​နောက်တစ်ကြိမ် ပြန်​ပေါ်လာသည်။

​ပေါ်ယွီရဲ့လက်​တွေက တုန်ယင်​နေပြီး သူ ပါဝါခလုတ်ကို နှိပ်လိုက်သည်။

ဒါ​ကြောင့် စုန့်​မေ​မေဆီက ဖုန်းမြည်သံဟာ ​နောက်ဆုံး​တော့ ရပ်တန့်သွား​လေသည်။

​ပေါ်ယွီ စိတ်သက်သာရာရသွား​ပေမယ့် တစ်ချိန်တည်းမှာပဲ သူ စိုးရိမ်​နေမိသည်။ဘာပဲဖြစ်ဖြစ် စုန့်ရှီလင်ရဲ့အ​မေက လူကြီးတစ်​ယောက်ဖြစ်သည်။ဒါ​ကြောင့် သူမရဲ့နှလုံးသားထဲမှာ သူ့နဲ့ပတ်သတ်ပြီး ​ကောင်းမွန်တဲ့ ထင်မြင်ချက်ရှိမှာမဟုတ်​ပေ။

​ရှောင်ကျန်းက သူ့​ခေါင်းကိုလှည့်ကာ အပြုံးတစ်ခုနဲ့အတူ ​မေးလိုက်သည်။   " ​ပေါ်​ကော , ဘယ်သူဖုန်းဆက်တာလဲ ? ​​ကော ဘာလို့ ဖုန်းမကိုင်လိုက်တာလဲ ? "

​ပေါ်ယွီ သတိပြန်ကပ်သွားပြီး ​ရှောင်ကျန်းက ဖုန်းဖန်သားပြင်​ပေါ်က နာမည်ကို မြင်သွားမှာစိုးတာ​ကြောင့် မသိလိုက်ဘဲ လက်ကို ဆန့်ထုတ်ကာ ဖုန်းမျက်နှာပြင်ကို အုပ်ထားလိုက်မိသည်။အဲဒီ​နောက် သူ ​ပေါ့​ပေါ့ပါးပါးနဲ့ပဲ ပြန်​ဖြေလိုက်သည်။   " ငါ့ဆီက ပိုက်ဆံ​ချေးချင်​နေတဲ့ သူငယ်ချင်းပါ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now