အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)

7.9K 1.1K 27
                                    

Scroll down for Zawgyi.

Unicode

ရန်​ဖေးဟာ ​ပေါ်ယွီ အထဲကို​ရောက်နှင့်ပြီး​လောက်ပြီလို့ ခန့်မှန်းပြီး​နောက် သူ အပြင်က​နေ တံခါးကို တွန်းဖွင့်ကာ ရုံးခန်းထဲကို ၀င်သွားလိုက်သည်။

မန်​နေဂျာကျန်းက စိတ်သက်သာရာရစွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

" ​ပေါ်​ကော , မ​တွေ့တာကြာပြီ​နော် "   ရန်​ဖေးက ​ရှေ့ကို​လျှောက်လာပြီး ​ပေါ်ယွီဆီကို လက်ဆန့်​ပေးလိုက်သည်။

​ပေါ်ယွီရဲ့မျက်၀န်း​တွေထဲမှာ အံ့သြမှု​တွေ ဖြတ်​ပြေးသွား​ပေမယ့် သူ ရယ်​မောလိုက်သည်။   " ဟယ်လို "

ရန်​ဖေးရဲ့မျက်နှာအမူအရာက ချက်ချင်းပဲ ​တောင့်တင်းသွားပြီး ဘာမှမဖြစ်သလို ပြန်​ပြေလိုက်သည်။   " ကျွန်​တော်တို့ <The Man's Survival> audition ​ဖြေတုန်းက ​တွေ့ဖူးတယ်​လေ "

{ T / N ; The Man's Survival ဆိုတာက ​ပေါ်ယွီ အပိုင်း ၂ မှာတုန်းက audition ​ဖြေပြီး သရုပ်​ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲနာမည်ပါ စက်မှုသိပ္ပံပညာရှင် ​နေရာ​လေ }

ရှင်းလင်းလှတဲ့ သတိ​ပေးချက်​ကြောင့် မကြာခင်မှာပဲ ​ပေါ်ယွီ သူ့ကို မှတ်မိသွားသည်။
  " မင်းက ? ရန်​ဖေး ? "

သူ အရင် စက်မှုသိပ္ပံပညာရှင်​နေရာအတွက် audition ​ဖြေတဲ့အချိန်တုန်းက သူ့ကို ထပ်ကာထပ်ကာ ရန်စခဲ့တဲ့ trainee က ရန်​ဖေးပဲဖြစ်သည်။

ရန်​ဖေးက ​ပေါ်ယွီကို အမှတ်ရ​စေလိုက်တာ​ကြောင့် ​ပေါ်ယွီ ခဏ​လောက်တုံ့ဆိုင်းသွားပြီး နာမည်ကို ထုတ်​ပြောလိုက်နိုင်သည်။

ရန်​ဖေးက ​ပေါ်ယွီရဲ့​ဘေးမှာ ၀င်ထိုင်လိုက်ကာ အလှဆင်ပစ္စည်း​သေး​သေး​လေးကို ​ဆော့ကစားရင်း သာမာန်ကာလျှံကာ ဆိုလိုက်သည်။   " ​ပေါ်​ကောရဲ့ web series က rating ​တွေမြင့်​နေတာကို ဂုဏ်ပြုပါတယ် ။ ကျွန်​တော်ဆို အပတ်တိုင်း အဲဒီဇာတ်လမ်းကို ကြည့်တယ် "

" ​ကျေးဇူးပဲ "   ​ပေါ်ယွီက လျစ်လျူရှူထားဟန်နဲ့ ပြန်​ပြောလိုက်သည်။သူက ဒီလိုမျိုး ယဉ်​ကျေးမှုမရှိတဲ့ trainee ​တွေဆိုရင် အမြင်ကတ်တယ် ၊ ကြည့်မရဘူး ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now