အခန်း-၁၁၇(ခွင့်လွှတ်မှု)

1.8K 253 20
                                    

Scroll down for Zawgyi.

Unicode

ချင်ရှန်းက သူမ ပြန်ရောက်ပြီး ​နောက်တစ်​နေ့၌ပင် ချင်လုပ်ငန်းစုဝန်ထမ်းများ၏ စိတ်အတွင်းရှိ ရင်တထိတ်ထိတ်စိုးရိမ်​မှု​တွေကို ပြတ်ပြတ်သားသား လျင်လျင်မြန်မြန် ​ကိုင်တွယ်​ဖြေရှင်းခဲ့ရာ လုပ်ငန်းစုက ယခင်အတိုင်း ဆက်လက်လည်ပတ်​​နေခဲ့သည်။

စုန့်ရှီလင်နှင့်​ပေါ်ယွီတို့ကလည်း ချင်လုပ်ငန်းစုက​နေ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြသည်။

​ပေါ်ယွီ ​ပြန်သွားသည့် ထို​နေ့လယ်တွင် အမှုကိစ္စအားလုံး အပြီးသတ်လို့ ​​ပေါ်ယွီကို ​တွေ့ရန် စိတ်အားထက်သန်စွာ ​​ခြေသုတ်တင်ပြေးလာတဲ့ ဝမ်းဟယ်ရှန်းတစ်​ယောက် လက်မှိုင်ကျသွားခဲ့သည်။

ချင်ရှန်း : " ​ရှေ့​နေဝမ်း ​၊ ​ပေါ်ယွီ့ကို လာရှာတာလား ??? "

" ဥက္ကဋ္ဌချင် ၊ ​ပေါ်ရှန့်ရှန်းက ဒီမှာ မရှိဘူးလား ??? "
ဝမ်းဟယ်ရှန်းက လက်​လျော့ချင်ပုံမရ။

" သူ ပြန်ပြီ။ သူ အချိန်ရရင် ပြန်လာမှာပါ "
ချင်ရှန်းက ဝမ်းဟယ်ရှန်းအား ပြုံးတစ်ဝက် တည်တစ်ဝက် ကြည့်သည်။

ဒီငယ်ငယ်ရွယ်ရွယ် ဥပ​ဒေအကြံ​​ပေး​လေးက ဘယ်သူ့ကိုမှ မကြိုက်​လောက်ဘူးဟု သူမ ထင်ခဲ့​သည့်တိုင် မ​မျှော်လင့်ဘဲ ဝမ်းဟယ်ရှန်းက သူမသားကို စိတ်ဝင်စား​နေသည်တဲ့လား။

​ပေါ်ယွီက သားတစ်​ယောက်​ဖြစ်နေတာ နှ​မြောစရာပဲ ...

ထိုအခိုက် ဖရဲသီး​လေးရဲ့ဖြစ်တည်မှုကို သူမ ရုတ်တရက် သတိရလိုက်သည်။

ဖရဲသီး​လေးမိဘ​တွေကို သူမ ခန့်မှန်းထားမိလင့်ကစား ​ပေါ်ယွီကို ​​လေးစားညှာတာသည့်အ​နေနှင့် သူမ အနှီကိစ္စကို တူးဆွဖော်ထုတ်မည် မဟုတ်​ချေ။

_________________

​ပေါ်ယွီက အ​နောက်​တောင်မြို့​တော်၌ ချင်ရှန်းကို ပြုစုခဲ့ရသည့်ရက်​တွေအပြင် ကျိယန်တွင်ပါ ရက်အနည်းငယ် ​နေခဲ့ရသည်မို့ သူ့အလုပ်ကိစ္စ​များအတွက် ဟွားချန်မြို့​တော်ကို ပြန်ရန် အချိန်မရခဲ့။ထို့​ကြောင့် သူ ဟွားချန်မြို့​တော်ကို ပြန်​​ရောက်​ရောက်ချင်းမှာတင် ​နောင်​လေးငါး​ခြောက်ရက်အထိ ပြည့်ညပ်​နေမည်ဖြစ်​သော အလုပ်အချိန်ဇယားတစ်ခုက သူ့အား ​စောင့်​နေခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now