အခန်း-၃၀(အ​ပြောင်းအလဲ)

5.9K 1K 16
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီ ​ရေကန်ထဲက ထွက်လာတဲ့အချိန်မှာ သူ တစ်ကိုယ်လုံး တုန်ယင်​နေပြီး သူ့နှုတ်ခမ်း​တွေကလည်း ခရမ်းပုတ်​ရောင်ထကာ ​အေးခဲ​နေသည်။​ပေါ်ယွီက ကန်​ဘေးမှာ မတ်တပ်ရပ်လိုက်တာနဲ့ ၀န်ထမ်းတစ်​ယောက်က သူ့အ​ပေါ်ကို ပဝါ​ခြောက်​ခြောက်တစ်ထည် ခြုံ​ပေးလာသည်။အချိန်အ​တော်ကြာတဲ့အခါမှ ​ပေါ်ယွီက သူ့ရဲ့​တောင့်ခဲ​နေတဲ့ ​ခြေ​ထောက်​တွေကို ​မြှောက်ကာ နား​နေခန်းဆီကို ​လျှောက်သွား​တော့သည်။

သူ ချူး၀မ်၀မ်ဘေးက​နေ ဖြတ်သွားတဲ့အချိန်မှာ ​ပေါ်ယွီ သူမကို တစ်ချက်စိုက်ကြည့်လိုက်သည်။

ချူး၀မ်၀မ်က ​ပေါ်ယွီရဲ့မျက်လုံး​တွေကို ​ရှောင်တိမ်းလိုက်ပြီး သူမကို ​စဉ်းစဉ်းစားစားနဲ့ စေ့​စေ့စပ်စပ် ကြိုးစားပမ်းစား ဂရုစိုက်​ပေးတဲ့ လက်​ထောက်​လေးကို စိတ်မကြည်တဲ့မျက်နှာနဲ့ ကြည့်လိုက်သည်။သူမက အဲဒီလက်​ထောက်​လေး​ပေးတဲ့ လက်ဖက်ရည်ပူ​တွေကို ​မြေကြီး​ပေါ် လွှင့်ပစ်လိုက်ပြီး စိတ်ဆိုး​ဒေါသထွက်​နေသည်။

ဒါရိုက်တာချွီက ​လေးနက်တဲ့ မျက်နှာအမူအရာနဲ့အတူ ​ရှေ့ကို ​လျှောက်လာသည်။   " ချူး၀မ်၀မ် , ဒီကိုလာခဲ့ပါဦး ။ ငါ မင်းကို ​​ပြောစရာစကားရှိတယ် "

ချူး၀မ်၀မ်က ​ဒါရိုက်တာချွီရဲ့​နောက်ကို အင်တင်တင်နဲ့ လိုက်သွားပြီး မ​​ပျော်ရွှင်တဲ့ မျက်နှာနဲ့အတူ ထွက်သွား​လေသည်။

နား​နေခန်းကို ပြန်​ရောက်ပြီးတဲ့​နောက် ​ပေါ်ယွီက သူ့ရဲ့​အေးစက်စက်အကြည့်​တွေကို ပြန်လည်ရုတ်သိမ်းပြီး သူ့ရဲ့အ၀တ်စို​တွေကို မြန်မြန် လဲပစ်လိုက်သည်။အဲဒီ​နောက် သူ ​ရေ​နွေးပူပူ​လေးကို ကိုင်ကာ ထိုင်ရင်း ဖုန်းကစား​နေလိုက်သည်။

​ရှောင်ကျန်းနဲ့​ရှောင်လီက ​ပေါ်ယွီရဲ့လက်​ထောက်​တွေဖြစ်သည်။ဒါ​ကြောင့် သူတို့ကလည်း ​ပေါ်ယွီ outdoor scene ​တွေ ရိုက်ကူး​နေတဲ့အချိန်အတွင်း ဒီ​နေရာမှာ ရှိ​နေကြသည်။

​ရှောင်ကျန်းက သူ့မျက်နှာ​ပေါ်မှာ မခံမရပ်နိုင်​ဒေါသထွက်​နေခြင်းနဲ့အတူ ​ပြောလိုက်သည်။   " သူမက ​ပေါ်​ကောကို အထင်​သေး​နေတာပဲ။ ​ပေါ်​ကော , ကျွန်​တော်တို့ ဒီလိုမျိုး အနိုင်ကျင့်ခံ​နေရလို့မရဘူး !!! "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now