အခန်း-၆၈(အသိအမှတ်ပြုခြင်း)

8.1K 1.3K 43
                                    

Scroll down for Zawgyi.

Unicode

မနက်စာစားပြီး​နောက် စုန့်ရှီလင်က ​ပေါ်ယွီအား လွန်ခဲ့တဲ့နှစ်နှစ်​ကျော်က ဟန်ကျစ်ယွီလုပ်​ပေးခဲ့တဲ့​ ဆေးမှတ်တမ်း​တွေနဲ့ ခန္ဓာကိုယ်​ဆေးစစ်ချက်​တွေအားလုံးကို ယူလာခဲ့ဖို့ ​ဆေးရုံသွားရန် ဆိုလိုက်သည်။

​ပေါ်ယွီက ဟန်ကျစ်ယွီကို ဖုန်းမ​​ခေါ်ချင်​ပေ။သူ ဟန်ကျစ်ယွီဆီမှ အဲဒီမှတ်တမ်း​တွေ သွားယူဖို့ တစ်​ယောက်​ယောက်ကို လွှတ်လိုက်တာပဲဖြစ်ဖြစ် ဟန်ကျစ်ယွီကို အဲဒီဖိုင်​တွေ ပို့​ပေးဖို့ လူတစ်​ယောက်အား လာခိုင်းလိုက်တာပဲဖြစ်ဖြစ်လုပ်လို့ရသည်။​​ပေါ်ယွီက​တော့ အလုပ်​တွေရှုပ်​နေတာ​ကြောင့် အဲဒီမှတ်တမ်း​တွေကို လူကိုယ်တိုင် သွားမယူနိုင်​ပေ။

သို့တိုင် စုန့်ရှီလင်က ၎င်းအဆိုပြုချက်ကို လုံး၀ သ​ဘောမတူ​ချေ။အဘယ်​ကြောင့်ဆို​သော် သူ့​ဘေးနားတွင် ယုံကြည်ရသည့် လက်​အောက်ငယ်သားဟူ၍ အနည်းငယ်သာရှိသည်။အဲဒီလူ​တွေထဲကမှ အခုအလုပ်ကို လုပ်ကိုင်ဖို့ အဆင်အ​ပြေဆုံးဖြစ်တဲ့သူက အတွင်း​ရေးမှူးချူပင်ဖြစ်သည်။ဖြစ်ချင်​တော့ အတွင်း​ရေးမှူးချူကလည်း အစည်းအ​ဝေးတစ်ခုအတွက် ရုံးခွဲတစ်ခုဆီ အပို့ခံလိုက်ရသည်။

ငယ်ရွယ်နာခံတတ်တဲ့ လက်​ထောက်အသစ်​လေး​တွေ နည်းနည်းပါးပါး​တော့ရှိ​ပေမယ့် အဲဒီလက်​ထောက်အသစ်​လေး​တွေက ထို​ဆေးမှတ်တမ်း​တွေနဲ့ မ​ကောင်းတာတစ်ခုခု မလုပ်ပါဘူးဟု အာမမခံနိုင်​ပေ။ဒါ​ကြောင့် ​ပေါ်ယွီကသာ ​ဆေးမှတ်တမ်း​တွေကို ကိုယ်တိုင်ကိုယ်ကျသွားယူရန်အတွက် အသင့်​တော်ဆုံး ကိုယ်စားလှယ်​လေးဖြစ်​နေသည်။

​ပေါ်ယွီခမျာ စုန့်ရှီလင် စိတ်​ပြောင်း​အောင် မတတ်နိုင်​ပေ။အဲဒါ​ကြောင့် သူပဲ ​ဆေးရုံမှတ်တမ်းဖိုင်အားလုံးကို သွားယူဖို့ရာ အပြင်ထွက်လိုက်ရ​တော့သည်။ကံ​ကောင်းစွာနဲ့ ယ​နေ့ ​ပေါ်ယွီရဲ့အလုပ်ချိန်က ​နေ့လယ်​ဆယ့်တစ်နာရီထိုးမှ စမှာဖြစ်​လေရာ သူ့အတွက် ဟိုဒီအသွားအပြန်လုပ်ရန် အချိန်လုံလုံ​လောက်​လောက်ရှိ​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now