အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)

3.1K 522 9
                                    

Scroll down for Zawgyi.

Unicode

ပေါ်ယွီနှင့် လင်းရိတို့က စင်မြင့်​နောက်ကွယ်တွင် ​ရောက်ရှိ​နေကြသည်။လင်းရိက ညလယ်စာ အတူတူ စားကြရန် ​ပေါ်ယွီကို ဇွတ်ဆွဲ​ခေါ်​နေ​​ပေမင့် ​ပေါ်ယွီကမူ လင်းရိ၏ ဖိတ်​ခေါ်ချက်အား ​အေးစက်စွာ ငြင်းပယ်လိုက်သည်။

လင်းရိက ​ပေါ်ယွီထံ အထူးတဆန်း ကြည့်လာသည်။
" ငါ မင်းကို ညလယ်စား အတူစားကြဖို့​ခေါ်တိုင်း မင်းက မအားဘူးချည်းပဲ။ အခုက​တော့ မင်းမှာ လုပ်စရာ ဘာကိစ္စကြီးရှိ​နေရှိ​နေ ငါတို့နဲ့ လိုက်စားရမယ် "

ချူ​ရှောင်း​ရှောင်းကပါ စကား၀ိုင်းထဲ ၀င်​ပြောလိုက်သည်။
" ဟုတ်တယ် ၊ နင် ဟွားချန်မြို့ကို ပြန်လာကတည်းက ငါတို့​တွေနဲ့ကို တစ်ခါမှ အပြင်ထွက်မလည်ရ​သေးဘူး "

​ပေါ်ယွီ စုတ်သပ်ကာ ​စင်​နောက်ဘေးပတ်၀န်းကျင်တွင် ပျားပန်းခတ် သွားလာလှုပ်ရှား​နေကြ​သော လူ​တွေကို တစ်ချက် အကဲခတ်၍ လင်းရိနားရွက်နား တိုးတိုး​လေး ကပ်​ပြောလိုက်သည်။

လင်းရိမျက်နှာထက်ရှိ အပြုံးတစ်ပွင့်က အံ့သြမှု​ကြောင့် ​တောင့်ခဲသွားရသည်။

​ပေါ်ယွီ ထိုနှစ်​ယောက်အား fly kiss ​ပေးလျက် ​နေရာက​နေ ထွက်ခွာလာခဲ့သည်။

ချူ​ရှောင်း​ရှောင်းက သူမ​ရှေ့၌ စိတ်နှင့်ကိုယ်နှင့် မကပ်ဖြစ်​နေသည့် လင်းရိကို ဆွဲလှုပ်နှိုးလိုက်၏။
" သူ ဘာ​ပြောသွားတာလဲ ??? "

လင်းရိရဲ့မျက်နှာအမူအရာက မင်တက်​နေဆဲ။သူက ချူ​ရှောင်း​ရှောင်း၏ သိချင်စိတ်ပြင်းပြ​နေ​သော မျက်လုံးများကို ကြည့်ပြီး တိုးဖွဖွ ဆိုလိုက်သည်။
" သူ ​ပြောသွားတာ ဇနီး​လေးရယ် ၊ သား​လေးရယ်နဲ့ အတူတူနေဖို့ အိမ်ပြန်ရမယ်တဲ့ "

ချူ​ရှောင်း​ရှောင်း : " ............. "

ဆုဖလား​ကိုပိုက် အိမ်ပြန်လာတဲ့ ​ပေါ်ယွီက အင်မတန် ​ပျော်ရွှင်​ကြည်နူးနေသည်။အိမ်ရောက်​တော့ ဆိုဖာ​ပေါ်တွင် သူ့အား ထိုင်​စောင့်​နေကြသည့် စုန့်ရှီလင်အ​ဖေ ၊ စုန့်ရှီလင်အ​မေ ၊ စုန့်ရှီလင်နှင့် ဖရဲသီး​လေးတို့ကို မြင်မြင်ချင်း သူ့အပြုံးဟာ ​မှေးမှိန်လွင့်ပါးသွားခဲ့သည်။​ပေါ်ယွီ ၎င်းတို့ထံ ​လျှောက်လှမ်းလာ၍ ယဉ်​ကျေးစွာ နှုတ်ခွန်းဆက်လိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now