အခန်း-၆၆(အ​ကြောက်တရား)

8.2K 1.3K 46
                                    

Scroll down for Zawgyi.

Unicode

ချီယန်ဟာ အိမ်​ခြေရာမဲ့​ခွေးတစ်​ကောင်ကဲ့သို့ ကြမ်းပြင်​ပေါ်၌ လှဲလျောင်း​နေရင်း အဆက်မပြတ် မျက်ရည်​တွေစီးကျ​ငို​ကြွေးလျက် ခဲခဲယဉ်းယဉ်း အသက်ရှူ​နေရပြီး စုန့်ရှီလင်အ​ပေါ်ထားရှိတဲ့ သူ့အချစ်​တွေအ​ကြောင်း အထစ်ထစ်အ​ငေါ့​ငေါ့ဖြင့် အ​သေးစိတ် ဋီကာဖွင့်ကာ သူ့အား သက်ညှာ​ပေးပါရန် အနူးအညွတ်​တောင်းပန်အသနားခံဖို့ ကြံစည်ကြိုးစား​နေသည်။

သူ အမြဲတမ်း ​တွေး​နေခဲ့တာက စုန့်ရှီလင်က သူ့ကို ဒီ​​နေရာက​နေ လာ​ခေါ်ပြီး အတူတူထွက်သွားကြမယ်​ပေါ့။ဒါ​ပေမယ့် အခုချိန်မှာ စုန့်ရှီလင်က​တော့ လက်တုံ့ပြန်ဖို့တောင် ကြိုးစား​နေ​သေးတယ် !!!

စုန့်ရှီလင်က အခု သူ့ကို ​တော်​တော်​လေး ​မေ့ပစ်ချင်​နေပုံပဲ . . . . . .

စုန့်ရှီလင်က ချီယန်ကို ​အေးစက်စွာ စိုက်ကြည့်လိုက်သည်။ချီယန်ရဲ့ အဲဒီဟိုးနှစ်​တွေကို တစ်ပိုင်းတစ်စ ပြန်လည်​သတိရပြ​နေတဲ့ တမ်းချင်းကြီးအား ကြားရတဲ့အခါ စုန့်ရှီလင် စိတ်မ၀င်စားဟန်နဲ့ ပြုံးလိုက်သည်။   " အဲလိုလား ??? ဒါ​ပေမယ့် ငါ ​မေ့သွားပြီ "

​မေ့သွားတယ် ???!!!

ချီယန် စူးစူးဝါးဝါး ဟိန်း​ဟောက်ကာ စုန့်ရှီလင်ဆီ တစ်ဟုန်ထိုး ​ပြေး၀င်သွားဖို့ ကြိုးစားလိုက်​ပေမယ့် မျက်စိလျင်ပြီး လှုပ်ရှားမှုမြန်ဆန်လှတဲ့ bodyguard ​တွေက ချီယန်ကို စုန့်ရှီလင်နား မ​ရောက်ခင်မှာပဲ ကန်ထုတ်ပစ်လိုက်ခြင်းအားဖြင့် ချီယန့်အပြုအမူ​တွေကို တားဆီးလိုက်သည်။

ချီယန်မှာ စုန့်ရှီလင်အနား သီ​တောင်မသီလိုက်ရဘဲ ​နောက်တစ်ဖန် ကြမ်းပြင်​ပေါ် လဲကျသွား​တော့သည်။ကန်ချက်က နာကျင်လွန်း၍ သူ အချိန်အ​တော်ကြာ ဘာစကားမှမဆိုနိုင်​ပေ။   " မင်း ...... မင်း ...... လူလိမ် !!! မင်း အဲဒီအ​ကြောင်း​တွေကို ဘယ်​​တော့မှ ​မေ့မှာမဟုတ်ဘူး !!! မင်း ​မေ့ပစ်လို့မရဘူး !!! "

အရင်အတိတ်တုန်းက ​နေ့ရက်​တွေမှာ သူတို့​တွေ တစ်​ယောက်နဲ့တစ်​ယောက် အမှန်တကယ် ချစ်မြတ်နိုးခဲ့ကြတာမို့လို့  အဲဒီအခိုက်အတန့်​တွေကို စုန့်ရှီလင် ဘယ်​တော့မှ ​မေ့မှာမဟုတ်ဘူး !!! ဟုတ်တယ် !!! စုန့်ရှီလင် ​ပေါက်ကရ​တွေ ​ပြော​နေတာပဲ !!!

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now