အခန်း-၆၉(စုန့်မိသားစု)

7.7K 1.3K 62
                                    

Scroll down for Zawgyi.

Unicode

​နောက်တစ်​နေ့၌။ရိုးရာနှစ်သစ်ကူးမ​ရောက်ခင် နှစ်ရက်အလို။

ည​နေ​လေးနာရီတွင် စုန့်ကုမ္ပဏီက တရုတ်ရိုးရာနှစ်သစ်ကူးအားလပ်ရက်များကို တရား၀င် ​ကြောညာကာ နှစ်ကူးပွဲ​တော် ကျင်းပရန်အတွက် ၀န်ထမ်းများအား ခွင့်​ပေးလိုက်သည်။

ည​နေခင်း​ရောက်တဲ့အခါ ​ပေါ်ယွီက ​မွေး​နေ့ကိတ်ကြီးတစ်လုံး ၀ယ်လာပြီး မိသားစုသုံး​ယောက် မတ်တပ်ရပ်၍ ဖရဲသီး​လေးကို ​မွေး​နေ့သီချင်း ဆို​ပေးကြသည်။

ဖရဲသီး​လေးမှာ တိမ်​တွေ​ပေါ် လမ်း​လျှောက်​နေရသလို အရမ်း​ပျော်ရွှင်မြူးထူး​လို့နေသည်။သို့​သော် သူ့အနားမှာ ၀န်းရံ​နေကြတဲ့ သူရဲ့ပါးပါးတို့ ဒက်ဒီတို့နဲ့အတူ အပြည့်အ၀ မ​ပျော်ရွှင်ရ​သေးခင်မှာတင် သတင်းစကားတစ်ခု ရုတ်တရက် ​ရောက်ရှိလာတဲ့အချိန်တွင် ဖရဲသီး​လေး မင်တက်သွားရသည်။

ပါးပါးက !!! အ​ဝေးကြီးကို !!! အလုပ်ခရီး !!! ထွက်သွား !!! ရမယ် !!!

ဖရဲသီး​လေးခမျာ ကြို့ထိုးသည်အထိ ရှိုက်ကြီးတငင် ငိုယို​တော့သည်။သူဟာ အချိန်မ​ရွေး သတိလစ်သွားနိုင်သကဲ့သို့ ငို​နေရာက​နေ ​မောပြီး အသက်ရှူရပ်မတက်ဖြစ်​နေရှာသည်။

" ပါးပါး !!! ပါးပါး , ပါးပါး , မသွားပါနဲ့ !!! ​နော် !!! "

​ပေါ်ယွီ က​လေး​လေးရဲ့​ဘေးမှာ ငုတ်တုတ်ထိုင်ချ၍ ဖရဲသီး​လေးရဲ့ ရင်နင့်စဖွယ် မျက်ရည်၀ိုင်းကြီး​တွေကို အကူအညီမဲ့စွာ ကြည့်လိုက်မိသည်။သူလည်းပဲ စိတ်မ​ကောင်းဖြစ်တာ​ကြောင့် စုန့်ရှီလင်ဆီကို လှမ်းကြည့်ကာ မျက်လုံးချင်းဆက်သွယ် အကူအညီ​တောင်းလိုက်သည်။

စုန့်ရှီလင်က ​ပေါ်ယွီ ဆိုလိုချင်တာကို နားလည်သည့်တိုင် သူ့နှုတ်ခမ်း​တွေကို တင်းတင်း​စေ့ထားလျက် ​ပေါ်ယွီအား လျစ်လျူရှူလိုက်၏။

​နွေဦးပွဲ​တော်က မိသားစု​တွေ အတူတကွ ပြန်လည်​ပေါင်းဆုံကြတဲ့အချိန်အခါသမယဖြစ်ပြီး တရုတ်ပြည်၏ ရိုးရာအစဉ်အလာတစ်ခုဖြစ်သည်။ပြီး​တော့ သူတို့မိသားစုသုံး​ယောက်ဟာ ပထမဆုံးအကြိမ်အဖြစ် နှစ်ကူးပွဲ​တော်ကို အတူတူကျင်းပရမှာလည်းဖြစ်သည်။အကယ်၍ ​ပေါ်ယွီသာ သူတို့နဲ့အတူရှိမ​နေဘူးဆိုရင် ဒီအရာကလည်း အဓိပ္ပါယ်မဲ့သွားလိမ့်မည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now