အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)

6.3K 1K 9
                                    

Scroll down for Zawgyi.

Unicode

ရယ်ဟွမ်ကလည်း ဉာဏ်​ကောင်းတဲ့သူတစ်​ယောက်ဖြစ်သည်။ဒီလူချမ်းသာမိသားစု​တွေရဲ့ သား​တွေက သူ့ကို သ​ဘောမကျကြဘူးဆိုတာ သိတာ​ကြောင့် သူက သူတို့အမြင်မကြည်တာခံရမှာက​နေ ​ရှောင်ကြဉ်ဖို့အတွက် သူတို့နဲ့ သွားမ​ရောဖို့ ဆုံးဖြတ်လိုက်သည်။

ဖျတ်ခနဲ တစ်ချက်​​လောက်ဝေ့ကြည့်လိုက်တဲ့အခါ ရယ်ဟွမ်က ချူး၀မ်၀မ်နဲ့ စကားစမြည်​​ပြောဆို​နေတာကို ချီယန် မြင်လိုက်ရပြီး သူ့ရဲ့အခွင့်အ​ရေးက ​နောက်တစ်ကြိမ် ပြန်​ရောက်လာပြီလို့ ရယ်ဟွမ် ​တွေးလိုက်သည်။

ချူး၀မ်၀မ်ရဲ့မိသားစု​နောက်ခံက entertainment ​လောကမှာ လျို့ဝှက်ချက်တစ်ခု မဟုတ်​ပေ။သူမက ​ချော​မောလှပပြီး ချမ်းသာကြွယ်၀ကာ သရုပ်​ဆောင်အရည်အချင်းလည်းရှိသည်။ဒါ​ကြောင့် entertainment ​လောကထဲမှာ သူမရဲ့သရုပ်​ဆောင်အခွင့်အလမ်း​တွေက အလွန်​ကောင်းမွန်လှသည်။တကယ်လို့ သူသာ သူမနဲ့ မိတ်​ဆွေ​တွေဖြစ်​အောင်လုပ်နိုင်ရင် အဲဒါက အ​တော်​လေး ​ကောင်းမှာဖြစ်သည်။

ရယ်ဟွမ်က သူမကို နှုတ်ဆက်စကား​ပြောဖို့ စိတ်ဆုံးဖြတ်လိုက်သည်။   " အစ်မချူး "

ချူး၀မ်၀မ်က မျက်လုံးလှန်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ​အေးစက်စွာ သ​ရော်လိုက်သည်။   " ကျွန်မအသက်က ဒီနှစ်ထဲမှာမှ နှစ်ဆယ့်ငါးပဲရှိ​သေးတာ ။ ရှင့်ထက် ငယ်တယ် ။ ပြီး​တော့ ကျွန်မက ရှင့်အစ်မမဟုတ်ဘူး ! "

ရယ်ဟွမ် မင်တက်သွားပြီး ​နေရခက်စွာ မတ်တပ်ရပ်​နေရင်း ချီယန်က သူ့အတွက် တစ်ခုခု​ပြော​​ပေးဖို့ ​မျှော်လင့်ကာ အကူအညီ​တောင်းတဲ့ အကြည့်​တွေနဲ့ ချီယန်ကို ကြည့်လိုက်သည်။

ချီယန် ​လှောင်​ပြောင်လိုက်မိသည်။သူ ရယ်ဟွမ်ကို ဒီ​နေရာဆီ ​ခေါ်လာရတဲ့ အ​ကြောင်းရင်းက သူ့​ဘေးနားမှာရှိတဲ့ အရူးတစ်​ကောင်ကို ဆွဲချချင်လို့ပဲဖြစ်သည်။ဒါ​ပေမယ့် မ​မျှော်လင့်ဘဲ ရယ်ဟွမ်က သူ ကာကွယ်​ပေးတာကို လိုချင်​နေတယ်​ပေါ့ ???

ရယ်ဟွမ်က သူ့​ဘေးပတ်ပတ်လည် ​ပေါင်းစုံက​နေလာတဲ့ တိုက်ခိုက်မှု​တွေကို ဆက်တိုက်ခံစားလိုက်ရသည်။သူ သူ့ရင်ထဲမှာ စိတ်ဓါတ်ကျစွာနဲ့ ပင့်သက်ရှိုက်လိုက်မိသည်။သူ့မျက်နှာက မည်း​မှောင်လာ​ပေမယ့် သူ ​​ဒေါသမထွက်ရဲ​ပေ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now