အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)

1.4K 232 3
                                    

Scroll down for Zawgyi.

Unicode

ပေါ်ယွီ အခန်းတံခါး၀၌ ရပ်​နေ၏။
" ဖရဲသီး​လေး ​၊ ကျောင်းသွားမှာလား ၊ မသွားဘူးလား ??? "

သူ့ရဲ့​ခေါင်း​လေးကို ​စောင်ပုံကြီး​အောက် မြှုပ်ထားသည့် ဖရဲသီး​လေးက ​ပေါ်ယွီ့​မေးခွန်းကို အသည်းအသန် ​ခေါင်းယမ်းရင်း သနားစဖွယ်ဆိုသည်။
" ပါးပါး ၊ သား ​ကျောင်းမသွားချင်ဘူး "

" ဘာလို့ ​ကျောင်းမသွားချင်ရတာလဲ ??? "
​ပေါ်ယွီက မျက်​မှောင်တကြုတ်ကြုတ်။
" မင်းပဲ ​ကျောင်းသွားရတာ ကြိုက်ပါတယ်ဆို ၊ အရင် မ​ပြောခဲ့ဘူးလား ??? "

ဖရဲသီး​လေးက မ​ကျေမနပ် နှုတ်ခမ်း​လေးဆူ​ထော်လာသည်။
" အဲဒါ အရင်က။ အခု သား ​ကျောင်းမသွားချင်ဘူးလို့။ ပါးပါး ဖရဲသီး​လေးကို ​စိတ်ဆိုး​အောင် မလုပ်ပါနဲ့ "

" မင်းကသာ ကိုယ့်ကိုယ်ကိုယ် ​စောင်ပုံထဲမြှုပ်ပြီး ငါ့ကို ​သွေးတက်​အောင်လုပ်​နေတာကွ "
​ပေါ်ယွီ ဟက်ခနဲ ရယ်လိုက်၏။

သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ စုန့်ရှီလင်က သူတို့အနား ​ရောက်လာကာ သားအဖနှစ်​ယောက်ရဲ့ သူတစ်လှည့်ငါတစ်ခွန်း ရန်ပွဲအ​သေးစား​လေး​ကြောင့် မျက်ခုံးပင့်သွားခဲ့သည်။စုန့်ရှီလင် တံခါးကို မှီချလိုက်၏။
" ဘာဖြစ်တာလဲ ??? "

" ဒက်ဒီ ၊ ဖရဲသီး​လေး ​ကျောင်းမသွားချင်ဘူး။ ပါးပါးကို ကူ​ပြော​ပေးပါဦး "

ဖရဲသီး​လေးက အသီးတစ်ရာ ၊ အညှာတစ်ခုဟူ​သော အဓိပ္ပါယ်ကို ​ကောင်းစွာ နားလည်သည်။

ခက်တာက စုန့်ရှီလင်ဟာ ​ပေါ်ယွီ့ထက် ပညာ​ရေးအ​လေး​ပေးသူဖြစ်လို့​နေခြင်း။
" အိပ်ရာထ ၊ မနက်စာစား ၊ ​ကျောင်းသွားဖို့ပြင်ရ​အောင် "

​ပေါ်ယွီတစ်​ယောက် ရွှင်မြူးသွားသည်။သူက ဖရဲသီး​လေးရဲ့​စောင်ကို အားသုံးဖယ်ရှားလျက် အိပ်ရာ​ပေါ် မခွဲနိုင်မခွာရက် ဖက်တွယ်​နေပါ​သော ဖရဲသီး​လေးအား ဆွဲထုတ်​ပွေ့ချီ၍ တင်ပါး​လေး​တွေကို ပုတ်လိုက်သည်။
" မျက်နှာသစ် ၊ သွားတိုက်တဲ့ ! မြန်မြန်လုပ် !! "

အစက ဖရဲသီး​လေး တစ်ခုခု​ပြောမည်အပြု တုံ့ဆိုင်း​နေခဲ့သည်။​ပေါ်ယွီက မည်သည့်အရာကိုမျှ ရိပ်မိပုံမရ​ကြောင်း ​တွေ့​သောအခါ မျက်၀န်း​လေး​တွေ ပူ​နွေးနီရဲလာပြီး ဝန်​လေးစွာ ထသွားခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now