အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)

5.2K 905 41
                                    

Scroll doen for Zawgyi.

Unicode

စုန့်ရှီလင် ဖုန်းကို ​ကောက်ဖွင့်ကြည့်လိုက်ပြီး​နောက် သူ့မျက်၀န်း​တွေ နက်ရှိုင်းသွားသည်။သူ စိတ်လက်မကြည်စွာဖြင့် ထိုဓါတ်ပုံကို album ထဲ သိမ်းကာ ဖုန်းအား ​ဘေးတစ်ဖက်၌ ချထားလိုက်သည်။ထို့​နောက် မီးမှိတ်၍ အိပ်ရန် ပြင်လိုက်​လေသည်။

သူ အိပ်ရာ​​ပေါ် လှဲချလိုက်တာနဲ့ ​ပေါ်ယွီက ​ရေဘ၀ဲ​လေးတစ်​ကောင်ကဲ့သို့ သူ့ကို ရစ်ပတ်တွယ်လာသည်။   " မင်း အလုပ်ကို များတယ် !!! "   ​ပေါ်ယွီ ​ပြောလိုက်သည်။

" ရပါတယ်။ ကိုယ် ကိုင်တွယ်နိုင်တယ် "   စုန့်ရှီလင်က အမျိုးသားငယ်​လေးရဲ့ဆံပင်​လေး​တွေကို တယုတယ ကြင်နာစွာ ပွတ်သပ်​ပေး​နေသည်။သူက ​ပေါ်ယွီရဲ့ ရှားရှားပါးပါး နာခံမှု​လေးနှင့် သူ့အ​ပေါ် စဉ်းစား​ပေးတတ်မှု​လေး​ကြောင့် စိတ်​ပျော်ရွှင်သွားရသည်။   " အိပ်​တော့ "

​ပေါ်ယွီ တဝါးဝါး သမ်း​ဝေလျက် အိပ်​မောကျသွား​လေသည်။

​နောက်တစ်​နေ့ မနက်​စော​စောတွင် စုန့်ရှီလင်က မန်​နေဂျာကျန်း ပို့လိုက်သည့် message ကို ​ပေါ်ယွီ့အား ပြလိုက်သည်။မနက်စာ,စား​နေရင်းမှ စုန့်ရှီလင် ညင်သာစွာ ​မေးလိုက်သည်။   " မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားသလဲ ??? "

စုန့်ရှီလင်၌ ဒီကိစ္စကို ကိုင်တွယ်​ဖြေရှင်းရန် သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းရှိသည်။အတိတ်တုန်းကဆိုလျှင် သူက ဒီကိစ္စကို ​​ပေါ်ယွီအား ​ပြောပြမ​နေဘဲ သူ့နည်းသူ့ဟန်ဖြင့် ​ဖြေရှင်းလိုက်​လေ့ရှိသည်။သို့တိုင် ယခု သူ ဒီအမျိုးသားငယ်​လေးနှင့် အပြန်အလှန် ဆက်ဆံပုံနည်းလမ်းကို ​ပြောင်းလဲပစ်ရန် တကယ် ဆန္ဒရှိသည်။

​ပေါ်ယွီက ဖုန်းကို ဆွဲယူကြည့်လိုက်ပြီး သူ့မျက်နှာကလည်း မည်း​မှောင်သွားသည်။  
" ငါ ဒီဟာကို ရှင်းနိုင်တယ် "

စုန့်ရှီလင် မနက်စာ,စား​နေရာမှ ရပ်တန့်လိုက်သည်။   " မင်း ဘာလုပ်မှာလဲ ??? "

" ငါ လုပ်သင့်တာ လုပ်မှာ​ပေါ့ "   ​ပေါ်ယွီက ပန်းကန်လုံးထဲရှိ ဆန်ပြုတ်​တွေအားလုံးကို အကုန်အစင် လတ်စသတ်ကာ ဆက်​ပြောလိုက်သည်။   " ချူဖန်းက ငါနဲ့ဖရဲသီး​လေးကြားက ဆက်နွယ်မှုကို လူထုဆီ ထုတ်ပြနိုင်​အောင် လုပ်​ပေးမယ်လို့ ကတိပေးထားတယ်။ ငါ ငါရဲ့မန်​နေဂျာအသစ်နဲ့ ချိန်းထားလိုက်ပြီ။ ဒီ​နေ့ ငါ ဒီဥစ္စာကို သူမနဲ့ ​ဆွေး​နွေးလိုက်မယ် "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now