အခန်း-၁၀၈(ထုတ်​မေးခြင်း)

2K 358 10
                                    

Scroll down for Zawgyi.

Unicode

အပြင်က​နေ ပြန်​ရောက်ကတည်းက စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်​နေ​သော ​ပေါ်ယွီအား ချင်ရှန်း အကဲခတ်လိုက်သည်။
" ဘာဖြစ်လို့လဲ ??? "

" ပြသာနာ​အသေး​အဖွဲ​လေးပါ။ ကျွန်​တော် ကိုင်တွယ်နိုင်ပါတယ် "
​ပေါ်ယွီက ဝတ်​ကျေတမ်း​ကျေဖြေသည်။လင်းချွမ်း​ရဲ့စကား​တွေကို သူ ချင်ရှန်းထံ ​ပြောပြမည် မဟုတ်​ချေ။

ချင်ရှန်း နှုတ်ခမ်းကို နာနာဖိကိုက်လိုက်၏။​ပေါ်ယွီတွင် ကိစ္စတစ်ခုခု ရှိ​နေမှန်း သူမ ရိပ်မိပါသည်။သို့​သော် သူမက ​ပေါ်ယွီအတွက် 'အ​မေ' ဟူ​သော အမည်နာမတစ်ခုသက်သက်နှင့် အမျိုးသမီးတစ်​ဦးသာ။

ယခင်က သူမဟာ ​ပေါ်ယွီကို ပစ်ပစ်ခါခါ လျစ်လျူရှူထားခဲ့ဖူးသည်မို့ 'အ​မေ မင်းကို ဂရုစိုက်ပါတယ်' ဆိုတဲ့ ​ခေါင်းစဉ်ကြီးနဲ့ ပေါ်ယွီအား အတင်းဖိအား​ပေးရန် သူမမှာ အရည်အချင်းမပြည့်ဝ။

နှလုံးသားအတွင်းရှိ သံသယများကို ချိုးနှိမ်လျက် ချင်ရှန်း ထိုကိစ္စကို သူမရင်ထဲ၌ တိတ်တဆိတ် မြှုပ်နှံလိုက်သည်။

ဖရဲသီး​လေးက ခဏတစ်ဖြုတ် ​ဆော့ကစားလို့အပြီး မျက်​တောင်လေး​တွေစင်းငိုက်လာရာ ​ဘေးတစ်ဖက်က လူနာ​စောင့်ခုတင်​လေးပေါ်တွင် တုံးလုံးပက်လက်လေး အိပ်​ပျော်သွားခဲ့သည်။က​လေး​လေးရဲ့နှုတ်ခမ်းပိစိ​လေးက အိပ်​နေကျအတိုင်း စူပုံ့ပုံ့​လေးဖြစ်​နေပြီး တစ်ချက် တစ်ချက် ​ဟောက်သံ​သေး​သေး​လေး​တွေ ထွက်လာသည်။နှစ်နှစ်ခြိုက်ခြိုက် အိပ်​မောကျ​နေသည့် နီတာရဲမျက်နှာ​လေးက အင်မတန် ချစ်စဖွယ်ပင်။

" သူက သားနဲ့တူတာ ၊ တအား ချစ်စရာ​ကောင်းတယ် "
ချင်ရှန်း မ​ရေရွတ်ဘဲ မ​နေနိုင်။

​ပေါ်ယွီ ကူကယ်ရာမဲ့စွာ ​ဒေါသထွက်ထွက်ဖြင့် ​​ပြောလိုက်သည်။
" ကျွန်​တော် ငယ်ငယ်က အ​မေ့ကို အကြာကြီး​နေမှ တစ်ခေါက် နှစ်​ခေါက်​လောက်ပဲ ​တွေ့ရတယ်။ အဲဒီတုန်းက​တော့ ကျွန်​တော့်ကို အခုလိုစကားမျိုး​လေး​တွေ ​ပြောမ​ပေး ...... ထားပါ​လေ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now