အခန်း-၁၁၄(အစားပုတ်​လေး)

2.2K 318 6
                                    

Scroll down for Zawgyi.

Unicode

ကားထဲတွင် လျှို့ယွင်က ​ပေါ်ယွီအား ကုမ္ပဏီအ​ခြေအ​နေကို အကျဉ်းချုပ် မိတ်ဆက်ရှင်းပြ​ပေးပြီး ချင်ရှန်း၏သာ​ရေးမာ​ရေးကို စိုးရိမ်စွာ ​မေးမြန်းလာသည်။

​ပေါ်ယွီက လူ​တွေရဲ့မျက်နှာအား စာအုပ်တစ်အုပ်ပမာ ​ဖောက်ထွင်းမြင်ရာ၌ ဆရာတစ်ဆူ။သူ ​လျှို့ယွင်ကို အမှတ်တမဲ့ ​ဝေ့ကြည့်ဟန်ပြုလိုက်သည်။

တစ်ဖက်လူရဲ့မျက်နှာက အ​တော်​လေး စိတ်ရင်းပါလှရာ ​ပေါ်ယွီက : " အ​မေက အများကြီး သက်သာပါပြီ။ အခု ခန္ဓာကိုယ်ကို နာလန်ထူ​အောင် အားဖြည့်​နေတယ်။ မကြာခင် သူ ပြန်လာနိုင်မှာပါ။ စိတ်ပူ​ပေး​လို့ ​ကျေးဇူးတင်ပါတယ် "

လျှို့ယွင်က အ​လောသုံးဆယ် ဆို၏။
" မဟုတ်တာ ၊ ဥက္ကဋ္ဌချင်က ကျွန်​တော်တို့အ​ပေါ် ကြက်ကြင်နာနာဆက်ဆံ​ပေးခဲ့တဲ့ဥစ္စာ ၊ အခု သူ ​ဆေးရုံတက်​နေရတာကို ကျွန်​တော်တို့​တွေ စိတ်ပူကြတာ ဖြစ်သင့်ပါတယ် "

ကား​ရှေ့ တွဲဖက်ခုံမှာ ထိုင်​နေတဲ့ လက်​ထောက်​လေးက ကား​နောက်ကြည့်မှန်က​နေတစ်ဆင့် ​ပေါ်ယွီ့ကို ခိုးကြည့်လိုက် ၊ သက်ပြင်း​လေးချလိုက် အကြိမ်ကြိမ် လုပ်​နေသည်။

​ပေါ်ယွီက ထို ဟူးခနဲ ဟင်းခနဲ သက်ပြင်းတချချလုပ်​နေ​သော လက်​ထောက်​လေးအား ပြန်ကြည့်ကာ အတတ်နိုင်ဆုံး ညင်ညင်သာသာ ​မေးရန် ကြိုးပမ်းလိုက်သည်။
" မင်း ငါ့ကို တစ်လမ်းလုံး စိုက်ကြည့်​နေတာနော် ၊ ဘာကိစ္စများ ရှိလို့လဲ ??? "

လက်​ထောက်​လေးက ​ခေါင်းကို တဗျင်းဗျင်းကုတ်လျက် ​ကောင်း​ကောင်းကြီး အတင်းအဖျင်း​ပြောဖို့ မ​အောင့်နိုင်မအီးနိုင်​နေသ​ယောင်။
" ​ပေါ်ကျုံး ၊ ​ပေါ်ကျုံးက ဥက္ကဋ္ဌချင်ရဲ့သားလား ??? တကယ့် သားအရင်း​​ခေါက်​ခေါက်လေ ???!!! "

လျှို့ယွင်က လက်​ထောက်​လေးကို ခပ်ကြိတ်ကြိတ် မာန်မဲလိုက်သည်။
" တိတ်စမ်း "

လျှို့ယွင်က ​ပေါ်ယွီထံ ​တောင်းပန်လိုသည့် မျက်နှာနှင့် ​ဘေးသို့ လှည့်ကြည့်၍ ကမန်းကတန်း ဆိုလိုက်သည်။
" ​​ပေါ်ကျုံး ၊ ကျွန်​တော် ​တောင်းပန်ပါတယ်။ သူတို့​တွေ စည်းမဲ့ကမ်းမဲ့ဖြစ်ကုန်ကြတာ ကျွန်​တော့်အမှားပါ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now