အခန်း-၄၇(သ၀န်တိုခြင်း)

8K 1.2K 78
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီ စား​သောက်ဆိုင်ကို မလာခင်ကတည်းက သူ့လက်​ထောက်နှစ်​ယောက်ကို အလုပ်စော​စောဆင်း​လိုက်ကြဖို့ သူ ​ပြောပြီးပြီဖြစ်သည်။ဒါ​ကြောင့် nanny car ကို သူကိုယ်တိုင်​မောင်းကာ အိမ်ကို ဖြည်းဖြည်းချင်း ပြန်လာခဲ့သည်။

ဒီညမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စ​တွေက ​ပေါ်ယွီကို မ​ပျော်မရွှင်ဖြစ်အောင် ပြုလုပ်​နေသည်။

အရင်ကတည်းက ​​မော့အန်းယွီဟာ သူ့ကို နည်းလမ်း​ပေါင်းစုံနဲ့ အလွန်အကျွံ အာရုံစိုက်​လွန်းနေတယ်ဆိုတာ သူ ဝိုးတဝါး ခန့်မှန်းမိခဲ့​ပေမယ့်လည်း သိပ်ပြီး မ​သေချာခဲ့​ပေ။

ဒါ​ပေမယ့် အဲဒီကိစ္စကို စဉ်းစားလိုက်မိတဲ့အချိန်မှာ ​ပေါ်ယွီ အကူအညီမဲ့စွာနဲ့ပဲ သူ့ပါးစပ်ကို လက်ဖမိုးနဲ့ အကြမ်းပတမ်း သုတ်ပစ်လိုက်ပြီး လက်ပြန်ရုတ်လိုက်တဲ့အခါ သူ့နှုတ်ခမ်းအ​ရေပြားတွေ​တောင် ကွာကျလုနီးပါးဖြစ်​နေသည်။

သူ့မှာ ​မော့အန်းယွီအ​ပေါ် အမြင်​ကောင်း​ကောင်းရှိပြီး သူနဲ့ သူငယ်ချင်း​တွေလုပ်ဖို့လည်း ဆန္ဒရှိခဲ့သည်။ ဒါ​ပေမယ့် သူငယ်ချင်း​တွေပဲ။

အဲဒါအပြင် ​မော့အန်းယွီက သူ့ဆီက​နေ အနမ်းတစ်ပွင့်ကို ခိုးယူရဲလိမ့်မယ်လို့ သူ တစ်ခါမှ မ​တွေးဖူးဘူး !!!

Parking lot ထဲမှာ ကားကို parking ထိုးပြီးတဲ့​နောက် ​ပေါ်ယွီ ​သော့ကိုကိုင်ရင်း ဓါတ်​လှေကားထဲမှာ ​တွေ​တွေ​ငေး​ငေးနဲ့ မတ်တပ်ရပ်​နေမိသည်။ဒီ၀န်ထုပ်၀န်ပိုး​တွေမရှိတဲ့ အချိန်တို​လေးဟာ သူကို ​စော​စော​လေးတုန်းက ဖြစ်ခဲ့တဲ့ စိတ်မချမ်း​မြေ့စရာ ကိစ္စ​တွေအ​ကြောင်း ​မေ့​လျော့သွား​စေသည်။
{ T / N ; baby က ဘယ်သူမှမရှိတဲ့ ဓါတ်​လှေကားထဲမှာမှ စိတ်လုံခြုံမှုကို ခံစား​နေရတာ သနားပါတယ် အူးးးဝါးးး ...... 😭 }

" တင် !!! "

​ပေါ်ယွီ ဓါတ်​လှေကားထဲက​နေ လမ်း​လျှောက်ထွက်လာပြီးတဲ့​နောက် စုန့်ရှီလင်နဲ့ မျက်နှာချင်းဆိုင် ဆုံလိုက်ရ​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now