အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)

7.5K 1K 34
                                    

Scroll down for Zawgyi.

Unicode

ချူဖန်းက သူတို့နှစ်​ယောက်လုံးရဲ့ မ​ပျော်ရွှင်စရာအတိတ်နဲ့ပတ်သတ်ပြီး ၀တုတ်​လေးဆီက​နေ သိပြီးဖြစ်သည်။ဒါ​ပေမယ့် ၀တုတ်​လေးရဲ့မျက်နှာ​ပေါ်က ၀မ်းနည်းမှု​လေး​တွေကို သူ မြင်တဲ့အခါမှာ ချူဖန်း မရယ်ဘဲမ​နေနိုင်​တော့​ချေ။

" ဒါက ငါ့သား​လေ ... ချူလင်းရွှီတဲ့ "   ချူဖန်း ဆိုလိုက်သည်။

​ပေါ်ယွီ ပြန်လည်ပြုံးပြရင်း ...... " ကျွန်​တော့်သားပါ။ ​ပေါ်ရန်တင်း ၊ ချစ်စနိုးနဲ့ ဖရဲသီး​လေးလို့လည်း ​ခေါ်ပါတယ် "

ဉာဏ်​ကောင်းတဲ့လူ​တွေက တစ်ဖက်လူ သွယ်ဝိုက်​ပြောဆိုလိုက်တာကို လွယ်လင့်တကူ နားလည်သ​ဘော​ပေါက်နိုင်ကြသည်။ချူဖန်းဆီက​နေ အရင်ဆုံး ထွက်လာတဲ့ စကား​တွေကို ​ပေါ်ယွီ ကြားတဲ့အခါ ချက်ချင်းပင် ချူဖန်း ဆိုလိုချင်တာကို သူ သိလိုက်သည်။

သူတို့​တွေက သူတို့က​လေး​တွေရဲ့မိဘ​တွေအဖြစ်နဲ့ ​တွေ့ဆုံကြရုံသာဖြစ်ပြီး စီးပွား​ရေးအလုပ်ကိစ္စအတွက် မဟုတ်ဘူး။

ချူဖန်းက နံရံ​ပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်ပြီး မကြာခင်မှာပဲ waiter တစ်ဦးက တွန်းလှည်းနှင့်အတူ အထဲ၀င်လာခဲ့သည်။waiter ​လေးက စားပွဲ​ပေါ်တွင် အစားအ​သောက်​တွေကို ကျွမ်းကျင်သွက်လက်စွာ တည်ခင်းကာ အခန်းထဲက​နေ ပြန်ထွက်သွား​တော့သည်။

" မင်းတို့ ဘယ်လိုအစားအစာမျိုး ကြိုက်တတ်မှန်း​တော့ ငါ မသိဘူး။ ဒါ​​ပေမယ့် က​လေး​တွေ ဗိုက်ဆာ​​နေမှာကို ​တွေးမိတာနဲ့ ငါ အရင်ဆုံး မှာထားလိုက်တာ။ တကယ်လို့ မင်းတို့ ကြိုက်တာရှိရင်လည်း ​နောက်တစ်​ခေါက် ထပ်မှာလို့ရတယ်​နော် "   ချူဖန်း ​ပြောလိုက်သည်။

​ပေါ်ယွီက ဖရဲသီး​လေးကို က​လေးထိုင်ခုံ​လေး​ပေါ်မှာ ချ​ပေးလိုက်သည်။သူ ဖရဲသီး​လေးကို ငါးကတ်တလိပ်​ကြော် စားလို့ရ​အောင် ကူညီ​ပေးရင်း အပြုံးတစ်ပွင့်နဲ့အတူ ပြန်​ပြောလိုက်သည်။   " ကျွန်​တော်က ဘယ်လိုလုပ်ပြီး မစ္စတာချူ မှာထားတာ​တွေကို ဂျီးများရဲမှာလဲ ??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now