အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)

1.4K 238 6
                                    

Scroll down for Zawgyi.

Unicode

ညဆယ်နာရီ။အရက်နံ့တ​ထောင်း​ထောင်းနှင့် အိမ်ပြန်လာ​တဲ့ စုန့်ရှီလင်တစ်​ယောက် ​မေး​ထောက်လျက် ​တွေ​တွေကြီး​ငေး​မော​နေသော ​ပေါ်ယွီကို ​​တွေ့​တွေ့ချင်း ​ခြေလှမ်း​တွေ ရပ်သွား၏။

" ဘာဖြစ်လို့လဲ ??? "

စုန့်ရှီလင် ကုတ်အင်္ကျီကို ချွတ် ၊ နက်ကတိုင်ကို ဆွဲဖြည်ကာ ​ဘေးသို့ ပစ်တင်လိုက်သည်။ထို့​နောက် ​ပေါ်ယွီ တစ်ဝက်တစ်ပြတ် ​​သောက်လက်စ​ရေခွက်ကို လှမ်းယူ၍ လက်ကျန်​ရေများကို ​မော့​သောက်လိုက်၏။

​ပေါ်ယွီက ​ရေ​​မော့​သောက်လိုက်တိုင်း လှုပ်ငင်သွားပါ​သည့် ဆွဲ​ဆောင်မှုရှိ​​သော အမျိုးသားရဲ့လည်​စေ့ကို ​ခေါင်း​လေး​မော်ကြည့်​နေသည်။
" တန်တန် ပြန်​ရောက်​နေပြီ ၊ သူနဲ့အတူတူ သူ့သားဝတုတ်​ပေါက်စကိုပါ ​ခေါ်လာခဲ့တယ် "

စုန့်ရှီလင်က ​ပေါ်ယွီ့ကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး ​ရေချိုးခန်းဆီ ခြေဗလာနှင့် ​​လျှောက်သွားခဲ့သည်။မကြာမီ ၊ ​ရေချိုးခန်းထဲက ​ရေကျသံတ​ဝေါ​ဝေါ ပျံ့လွင့်လာ၏။

​ပေါ်ယွီက သူ့ရဲ့စဉ်းစားခန်းဝင်​နေသည့် ကိုယ်ဟန်ကို ​ပြောင်းလဲသည့်အ​နေနှင့် ​မေးပြန်​ထောက်၍ ဆက်​ငေးပြန်သည်။​ခွေး​တွေက ဉာဏ်ရည်ထက်မြက်သည်ဟု သူများ​တွေ ​ပြောကြသည်ကို ပေါ်ယွီ ​ထွေထူး မယုံခဲ့ ၊ ဒီ​နေ့​တော့ သူ နည်းနည်းဖြစ်ဖြစ် ယုံလိုက်ရ​ချေပြီ။

ယ​နေ့ ဖရဲသီး​လေးက တန်တန်ကို ပလစ်ကာ တန်တန်ရဲ့သား အာဝုဝတုတ်လုံးကို လိုချင်​ကြောင်းဆိုခဲ့စဉ်က အမြဲတ​စေ ချစ်စဖွယ်​​ကောင်းစွာ နေထိုင်ခဲ့​သော တန်တန်က ​ဒေါသခိုးတလူလူ​ဝေလို့ လူ​တွေအား ကိုက်ပစ်မတတ် တဝုတ်ဝုတ် ထိုး​ဟောင်ရင်း အလုပ်သမား​တွေ ​ချော့​မော့နှစ်သိမ့်တာကိုလည်း လက်မခံခဲ့​ပေ။

​ခွေး​ပေါက်​လေး ​ခြောက်​ကောင်အနက် ငါး​ကောင်မှာ တန်တန့်ရဲ့​ဒေါသူပုန်ထမှုကို ​ကြောက်ရွံ့သွားကြသဖြင့် ဟွားဟွားဆီ တုန်တုန်ယင်ယင် ​ပြေးကပ်ကြ၏။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now