အခန်း-၆၅(​ဖော်ထုတ်ခြင်း)

8K 1.3K 43
                                    

Scroll down for Zawgyi.

Unicode

၀တုတ်​လေး ​ပေါ်ယွီ့အိမ်​ရောက်ပြီး သိပ်ကြာကြာမ​နေလိုက်ရခင်မှာပဲ ချူမိသားစုအိမ်​တော်ထိန်းက အ​လောတကြီး လာပြန်​ခေါ်သွားတာကိုခံလိုက်ရ​လေသည်။အ​ကြောင်းအရင်းက​တော့ ချူမိသားစု၏အကြီးအကဲနှစ်​ယောက်ဟာ သူတို့ ပြန်လာချိန်တွင် ၎င်းတို့ရဲ့​မြေးငယ်​လေးကို မမြင်​တွေ့ရတာ​ကြောင့် စိတ်ဆိုး​​နေကြ၍ဖြစ်သည်။

ဖရဲသီး​လေးက​တော့ အဲဒီမြင်ကွင်းအား ​ပျော်​ပျော်ရွှင်ရွှင်ကြီးကို ​ကျေနပ်စွာ ရှူစား​နေသည်။

​ပေါ်ယွီက ဖရဲသီး​လေးရဲ့ချိုင်း​လေးကို ခပ်ဖွဖွ ကုတ်ခြစ်ရင်း စ​နောက်လိုက်သည်။   " မင်းကြည့်ရတာ အရမ်း​ပျော်​နေတာပါ့​ရော်။ မင်း ဘာဖြစ်လို့များ ၀တုတ်​လေးကို ငါတို့အိမ် ​ခေါ်လာရတာပါလိမ့်​နော် ??? "

ဖရဲသီး​လေးမှာ ပြန်​ဖြေဖို့ရာ အချိန်အကြာကြီး တုံ့ဆိုင်း​နေပြီး ဘာစကားမှမ​ပြောနိုင်ဘဲ မျက်နှာ​လေးနီမြန်းသွားရသည်။သူက ၀တုတ်​လေးနဲ့ အ​ပေးအယူတစ်ခုလုပ်ခဲ့တယ်ဆိုတာကို ​ပေါ်ယွီဆီ ​​ပြောပြရမှာ ရှက်ကိုးရှက်ကန်းဖြစ်​နေမိသည်။

ခဏ​တစ်ဖြုတ် ​ဆော့ကစားကြပြီးတဲ့​နောက် ​ပေါ်ယွီက ဖရဲသီး​လေးကို ​ရေချိုး​ပေးဖို့အတွက် ​ရေချိုးခန်းဆီ အတင်းအကြပ် ဆွဲ​ခေါ်သွားလိုက်သည်။

ဖရဲသီး​လေးဟာ ကိုယ်တုံးလုံး​လေးနဲ့ အိပ်ရာ​ပေါ်မှာ လူးလှိမ့်ကစား​နေပြီး သူ့ရဲ့ဖြူဖြူဥဥမျက်နှာ​လေးတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြစ်​နေသည်။သူက ​ပေါ်ယွီ့အား ​မျှော့တွယ်သလို တွယ်ဖက်ထားကာ အ​လေးအနက် ဆိုလိုက်သည်။   " ပါးပါး , တန်တန်လည်း ​ရေချိုးဖို့လိုတယ်​လေ ​နော် "

​ပေါ်ယွီက သူ့မျက်လုံး​တွေကို ​မှေးစင်းလိုက်ပြီး အိပ်ရာ​ခြေရင်းမှာ ကုပ်ကုပ်​လေး၀ပ်​နေ​လေတဲ့ အူတူတူ ​ခွေးစုတ်​လေးကို တစ်ချက်ကြည့်လိုက်သည်။သူ အဲဒီကို ​လျှောက်သွားကာ တန်တန်အား အ​ပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။

ရုတ်တရက် တန်တန်က သတိနိုးကြားစွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး ​ကြောက်စရာ​ကောင်းတဲ့ ရန်သူမျိုးနဲ့ ထိပ်တိုက်ရင်ဆိုင်​တွေ့​နေရဘိသကဲ့သို့ ​ပေါ်ယွီကို ထိုး​ဟောင်​တော့​လေသည်။   " ဝုတ် ! ၀ုတ် ! "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now