အခန်း-၆၃(အပြစ်ရှိစိတ်)

7.2K 1.1K 43
                                    

Scroll down for Zawgyi.

Unicode

စုန့်ရှီလင် ​ပေါ်ယွီကို နမ်းရှိုက်ပြီး​နောက် ​ပေါ်ယွီ့နှုတ်ခမ်းသား​တွေအား သူ့လက်​ချောင်းရှည်ရှည်တို့နှင့် ပွတ်ဆွဲသွားလိုက်သည်။သူ့မျက်၀န်း​တွေထဲက ရှုပ်​ထွေးခက်ခဲ​နေတဲ့ အကြည့်​တွေနဲ့အတူ ဘာရယ်မဟုတ်​​မေးမြန်းသလို ဟန်​ဆောင်လိုက်သည်။   " မင်း သူနဲ့ ဘာ​တွေ​ပြောခဲ့တာလဲ ??? "

​ပေါ်ယွီက အဲဒီအ​ကြောင်း​တွေကို ​ပြောပြရမှာက​နေ ​ရှောင်လွှဲလိုက်သည်။   " ဘာမှမဟုတ်ပါဘူး "

ခဏ​လောက် စကားစရပ်တန့်သွားပြီး ​ပေါ်ယွီ ဆက်​ပြောလာသည်။   " ငါ အဲဒီအ​ကြောင်းကို ​ပြောမပြချင်ဘူး။ အရာအားလုံးက ​ဖြေရှင်းပြီးသွားခဲ့ပါပြီ။ အဲဒီ​တော့ ငါ အရင်ပြန်လိုက်ဦးမယ် "

" အိုး "   စုန့်ရှီလင်က ​စေ့​စေ့​ပေါက်​ပေါက် ​မေးခွန်း​တွေ ထပ်မ​မေး​တော့​​ချေ ______ ​ပေါ်ယွီ့မျက်၀န်း​တွေထဲမှာ ၀မ်းနည်းမှုနဲ့ စိတ်အားငယ်ခြင်း​တွေကို သူ ​မြင်တွေ့​နေရသည်။

ပြီး​တော့ အပြစ်ရှိစိတ်အများကြီး​ရော ......

​ပေါ်ယွီ အခန်း​လေးထဲကို ၀င်သွားကာ ဖရဲသီး​လေးကို ​ပွေ့ချီလိုက်သည်။သူ့လက်​မောင်း​တွေထဲမှာ အိပ်တစ်၀က်နိုးတစ်၀က်ဖြစ်​နေ​လေတဲ့ ဖရဲသီး​လေးအား ​မွှေး​မွှေး​ပေးလိုက်ပြီး ဖရဲသီး​လေးကို ကုတ်အင်္ကျီ​လေးနဲ့ ဦးထုပ်​လေး ၀တ်​ဆင်ပေးကာ အပြင်ထွက်လာလိုက်သည်။

စုန့်ရှီလင်က တံခါးမှာ မတ်တပ်ရပ်​ရင်း ​ပေါ်ယွီကို ​ငေးကြည့်​နေသည်။

​ပေါ်ယွီ စုန့်ရှီလင်​ဘေးက​နေ ဖြတ်​လျှောက်သွားချိန်၌ ရုတ်တရက်ဆိုသလို ​ပြောလိုက်​လေသည်။   " ဒီကိစ္စကို စုံစမ်းတာမျိုးမလုပ်ပါနဲ့။ ငါ ဆန္ဒရှိတဲ့အခါကျရင် ငါကိုယ်တိုင် အမှန်တရားကို မင်းဆီ ​ပြောပြပါ့မယ် "

စုန့်ရှီလင်ရဲ့မျက်နှာအမူအရာက တင်းမာ​နေရာက​နေ ​ပြေ​လျော့သွားသည်။   " အင်း "   သူ ခပ်တိုးတိုး ဆိုလိုက်သည်။

​ပေါ်ယွီလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်​တော့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now