အခန်း-၁၁၀(စစ်ပွဲမီး​တောက်)

2.1K 336 5
                                    

Scroll down for Zawgyi.

Unicode

ညစာထမင်းတစ်နပ်က စစ်ပွဲတစ်ခုပမာ ......

​ဖရဲသီး​လေး​တောင် ခံစားမိ​နေ​သော တစ်ခုခု မှားယွင်း​နေတဲ့အ​ခြေအ​နေကြီးကို ​ပေါ်ယွီ လားလားမျှ သတိမပြုမိ။

ညစာစားအပြီး ​ပေါ်လျန်က ဖုန်းတစ်ခု ​​လက်ခံဖြေဆိုကာ ယဉ်ယဉ်​ကျေး​ကျေး စကား​လုံး​တွေ သုံးနှုန်းပြော​နေခဲ့သည်။ထို့​နောက် သူ့အား ​ပေါ်ယွီတို့ကို လိုက်ပို့ခိုင်းခြင်းပင် မရှိဘဲ ထွက်သွားခဲ့သည်။

" မင်း ဒီည စကားသိပ်မ​ပြောဘူး​နော် ၊ ဘာကိစ္စရှိ​နေလို့လဲ ??? "
​ပေါ်ယွီ တူကို ချလျက် စုန့်ရှီလင်ထံ လှည့်ကြည့်လိုက်သည်။

စုန့်ရှီလင်ရဲ့ခက်ခဲရှုပ်ထွေးလှ​သော မျက်ဝန်းများက ​ပေါ်ယွီဆီ၀ယ် မြဲမြဲမြံမြံ စူးစူးစိုက်စိုက်။ခဏကြာမှ သူ ခွန်းတုံ့ပြန်လိုက်သည်။
" မင်း ဘယ်တုန်းက ကိုယိ့ကို စိတ်ပူတတ်သွားတာလဲ ??? "

" .............. "
သူ စကားထပ်မ​ပြော​တော့ရန် ​ပေါ်ယွီ ဆုံးဖြတ်လိုက်​​လေသည်။

ညတွင် ​ပေါ်ယွီက ပူ​လောင်ပြင်းပြသည့် ညတာရှည်ကြီးအတွက် စုန့်ရှီလင်အား မရပ်မနား အ​နှောင့်အယှက်​ပေးချင်​သော်ငြား ဒီမှာ ရှိ​နေတဲ့ ဖရဲသီး​​လေးကို စိုးရိမ်သည်မို့ သူ့ခမျာ ရင်နာနာဖြင့် ရယ်​မော၍ မီးငြိမ်းသတ်ရန် ​ရေချိုးခန်းထဲ ပုန်းကွယ်​နေရသည်။

အိပ်​ရေးပျက်​သော ညတစ်ညပါ​ပေ။

​နောက်တစ်​နေ့။စုန့်ရှီလင်တစ်​ယောက် မနက်​စော​စောထ အပြင်ထွက်သွားစဉ် ​ပေါ်ယွီကမူ ဖရဲသီး​လေးကို လက်​မောင်းများအတွင်း ​ထွေး​ပွေ့အိပ်​နေဆဲ။

_______________

လူနာ​ဆောင်​ရှေ့၌ တံခါး​ခေါက်သံတစ်ခု ​ပေါ်​ပေါက်လာသည်။
' ​ဒေါက် ​ဒေါက် '

ချင်ရှန်း တံခါးဝတွင် ​ရောက်​နေသည့် သူစိမ်းအမျိုးသားတစ်ဦးကို ကြည့်၍ ​​ခေတ္တခန့် အံ့အားသင့်သွားသည်။အ​နောက်တိုင်းဝတ်စုံနှင့် လယ်သာရှူးကို ဝတ်ဆင်ထားတဲ့ ​​လေးနက်ခန့်ညားတဲ့ အမျိုးသား --- သူမ ​ခေါင်းညိတ်လိုက်သည်။
" မင်းက စုန့်ရှီလင်လား ??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now