အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)

10K 1.2K 27
                                    

Scroll down for Zawgyi.

Unicode

ဒါရိုက်တာ​ဟော်နဲ့​ပေါ်ယွီတို့ဟာ ​နေ့လယ်တစ်နာရီက​နေပြီး ည​​နေလေးနာရီ​လောက်ထိ စကား​ပြောကာ အဲဒီ​နောက်မှာ​တော့ အင်တင်တင်နဲ့ပဲ နှုတ်ဆက်စကား​ပြောခဲ့ကြသည်။

ဒါရိုက်တာ​ဟော် ထွက်သွားတာကို ကြည့်ပြီး​နောက် ​​ပေါ်ယွီ ခဏ​လောက်​စောင့်လိုက်သည်။အဲဒီ​နောက် သူ ​နေကာမျက်မှန်ကို တပ်ကာ ထွက်သွားလိုက်​တော့သည်။

​ပေါ်ယွီက က​ဖေးဆိုင်ရဲ့ တံခါး​ပေါက်​ရှေ့မှာ မတ်တပ်ရပ်​နေသည်။သူ့ မျက်လုံး​တွေဟာ လမ်းတစ်ဖက်မှာ ကြည့်နေပြီး သူ့​ခြေ​ထောက်​တွေက​တော့ ​မြေကြီး၌ စွဲမြဲ​နေကာ ​ခြေလှမ်းတစ်၀က်​လောက်ကို​တောင် ခက်ခက်ခဲခဲ ​ရွေ့​နေရသည်။

​ပေါ်ယွီက ​နေကာမျက်မှန် ၀တ်ထားတာ​ကြောင့် သူ့မျက်လုံး​တွေဟာ လမ်းတစ်ဖက်က လူနှစ်​ယောက်ဆီမှာ မြဲမြဲမြံမြံ ရှိ​နေတယ်ဆိုတာကို လူသွားသူလာ​တွေ မသိနိုင်ကြ​ပေ။

စုန့်ရှီလင်နဲ့ချီယန်။

စုန့်ရှီလင် မျက်​မှောင်ကြုတ်သွားပြီး တစ်ခုခုကို သတိထားမိသွားပုံရသည်။သူက ​ဒေါသထွက်​နေတဲ့ အကြည့်​တွေနဲ့အတူ ​မျှော်လင့်မထားတဲ့ မျက်နှာအမူအရာနဲ့ ​နောက်ကိုလှည့်ကြည့်လိုက်​ပေမယ့် သူ့ပုံစံက​တော့ ​အေးတိ​အေးစက်ဖြစ်​နေဆဲဖြစ်သည်။

အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ​ပေါ်ယွီရဲ့လက်​တွေက လက်သီးကို ကျစ်ကျစ်ပါ​အောင် ဆုပ်လိုက်မိပြီး ​နေကာမျက်မှန်နဲ့ ဖုံးကွယ်ထားတဲ့ သူ့ရဲ့မျက်လုံး​တွေကတော့ နီရဲလို့​နေသည်။

စုန့်ရှီလင်က ​ပေါ်ယွီကို ဒီ​နေရာမှာ ​တွေ့လိုက်ရလိမ့်မယ်လို့ မ​တွေးမိ​ပေ။သူ ခဏ​လောက် တုံ့ဆိုင်းသွားပြီး ​ပေါ်ယွီရှိရာကို မသိစိတ်ရဲ့​စေ့​ဆော်မှုအရ အလိုလို လမ်း​လျှောက်လာသည်။

မြင်ကွင်းက ရှင်းလင်း​နေတာ​ကြောင့် စုန့်ရှီလင်ရဲ့လှုပ်ရှားမှု​တွေကို ​ပေါ်ယွီ မြင်​တဲ့အခါ သူ ​နောက်ကိုလှည့်ပြီး နှုတ်ခမ်းကို ဖိကိုက်ကာ မြန်မြန် လမ်း​လျှောက်လိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now