အခန်း-၃၄(စိမ်းကားခြင်း)

6.8K 1.1K 53
                                    

Scroll down for Zawgyi.

Unicode

" မင်း မ​နေ့ညက ဘယ်မှာရှိ​နေခဲ့တာလဲ ? "   ​ပေါ်ယွီက ​ဒေါသထွက်​နေတဲ့အသံနဲ့အတူ တိုက်ရိုက်ပဲ တန်း​မေးလိုက်သည်။

" ကျွန်​တော် ....... "   ​မော့အန်းယွီဟာ မသိစိတ်ရဲ့​စေ့​ဆော်မှုအရ ဝိုးတိုးဝါးတားနဲ့ အဲဒီ​မေးခွန်းကို ​ပြန်ဖြေဖို့ ​ရှောင်ဖယ်လိုက်သည်။ဒါ​ပေမယ့် သူ မစဥ်းစားမိတာက ဖုန်းတစ်ဖက်မှာရှိတဲ့ ​ပေါ်ယွီဟာ ချက်ချင်း ​ဒေါသထွက်သွားလိမ့်မယ်ဆိုတာပဲဖြစ်သည်။

​ပေါ်ယွီက ​အေးစက်စွာ ​ပြောလိုက်သည်။
  " ငါ ငါ့က​လေးကို မင်းဆီမှာထားခဲ့ရတဲ့ ရည်ရွယ်ချက်က မင်း သူ့ကို နာကျင်​ခံစားအောင်လုပ်ဖို့ မဟုတ်ဘူး "

​ပေါ်ယွီရဲ့ရင်ဘတ်ဟာ အသက်ရှူနှုန်း​ကြောင့် ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည်ဖြစ်​နေပြီး ​မော့အန်းယွီအ​ပေါ်ထွက်တဲ့ သူ့​ဒေါသ​တွေကို မျိုချ​နေရသည်။

သူ အကူအညီမဲ့​နေတဲ့အချိန်မှာ ​မော့အန်းယွီက ဖရဲသီး​လေးကို ဂရုစိုက်​ပေးချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ မဖြစ်စဖူးဖြစ်​နေတယ်ဆို​ပေမယ့် သူ ​တွေ့ရုံ​လေး​တွေ့ဖူးတဲ့ လူတစ်​ယောက်ကို အရမ်းကြီး ​မျှော်လင့်မထားခဲ့သင့်ဘူး !!!

" ကျွန်​တော့်ကို ​ဒေါသမထွက်ပါနဲ့ "   ​မော့အန်းယွီက ​ကြောက်ရွံ့ကာ ထိပ်ထိပ်ပျာပျာ ဖြစ်​နေသည်။

" မဟုတ်ဘူး "   ​ပေါ်ယွီက ဂရုမစိုက်စွာ ​ပြောလိုက်သည်။   " စကားမစပ် , ငါ ငါ့သူငယ်ချင်း​တွေထဲက တစ်​ယောက်ဆီ ငါ့က​လေးကို ဂရုစိုက်​ပေးဖို့ ​ပြောထားပြီးပြီ ။ အဲဒီ​တော့ မင်း အနားယူလို့ရပြီ "

" မ​နေ့ညတုန်းက ကျွန်​တော့်အမှားပါ ။ ကျွန်​တော် နောက်တစ်ကြိမ် အဲဒီလိုမဖြစ်​စေရဘူးလို့ ကတိ​ပေးပါတယ် ။ ​ကျေးဇူးပြုပြီး ကျွန်​တော့်ကို စိတ်မဆိုးပါနဲ့​နော် "   ဒါက ​မော့အန်းယွီအတွက် ပထမဆုံးအကြိမ် အရမ်းကို ရိုရိုကျိုးကျိုးနဲ့ နှိမ့်ချ​တောင်းပန်ဖူးတာ ဖြစ်သည်။

​ပေါ်ယွီက ခဏ​လောက် တိတ်ဆိတ်​နေပြီး ​ပြောလိုက်သည်။   " ​ရှောင်​မော့ , ဒီနှစ်ရက်မှာ ငါ့ကို ကူညီပြီး ဖရဲသီး​လေးကို ဂရုစိုက်​ပေးတာ အရမ်း​ကျေးဇူးတင်တယ် ။ ငါ ပြန်လာတဲ့အခါကျမှပဲ ငါ့ရဲ့​ကျေးဇူးတင်တဲ့စိတ်ကို ​ဖော်ပြ​တော့မယ် ။ ဟုတ်ပြီ , ငါ အလုပ်စလုပ်ရ​တော့မယ် ။ ဒါပဲ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now