အခန်း-၅၃(သကြားလုံး)

6.4K 1K 31
                                    

Scroll down for Zawgyi.

Unicode

သူတို့​တွေ ​နောက်တစ်ကြိမ် ပြန်လည်​တွေ့ဆုံကြတဲ့အချိန်မှာလည်း သူနဲ့စုန့်ရှီလင်ကြားက အ​ခြေအ​နေဟာ အကြိမ်​ပေါင်များစွာ ဘာမှန်းမသိ ​တိတ်တဆိတ် ဝေဝါး​နေတာကို ​ရုတ်တရက် ပေါ်ယွီ သ​ဘော​ပေါက်လိုက်သည်။သူတို့နှစ်​ယောက်ရဲ့ဆက်ဆံ​ရေးဟာ အတိတ်တစ်ချိန်ဆီ ပြန်သွားနိုင်သည်ဖြစ်​စေ၊ မသွားနိုင်သည်ဖြစ်​စေ၊ အခုချိန်မှာ သူငယ်ချင်း​တွေ​​တော့ ဖြစ်နိုင်ကြ​သေးလားဆိုတာကို ​ပေါ်ယွီ သိချင်မိသည်။

ဒါ​ပေမယ့် စုန့်ရှီလင်က​ ​ပေါ်ယွီကို ခံစားစိတ်ကူး၀မ်းနည်း​နေဖို့ အချိန်မ​ပေးဘဲ ​ပေါ်ယွီရဲ့ ကမ္မဋ္ဌာန်းထိုင်သလို စဉ်းစား​နေမှုကြီးကို စိတ်မ၀င်စားစွာ ​နှောင့်ယှက်လိုက်သည်။
  " မင်း ဘာလိုချင်လို့လဲ ? "

" သကြားလုံး "   ​ပေါ်ယွီ လက်ဖြန့်လိုက်သည်။
  " မင်း ငါ့သားကို သကြားလုံးနည်းနည်း ​ပေးခဲ့တယ်​လေ။ အဲဒါ သူ စားလို့ကုန်သွားပြီး ငါ့ကို ထပ်လိုချင်တယ်​ပြော​နေလို့ "

စုန့်ရှီလင်က စိတ်ခံစားချက်​တွေ ကင်းမဲ့​နေတဲ့ မျက်နှာနဲ့အတူ ​ပေါ်ယွီကို ခဏ​လောက် စိုက်ကြည့်​နေလိုက်သည်။

အဲဒီ​နောက် စည်းမျဉ်းစည်းကမ်းဥပ​ဒေသ​တွေကို အလွန်အမင်း အ​ရေးစိုက်တတ်တဲ့ ဒီလူကြီးက သူ့ကို ငြင်းလွှတ်​လောက်တယ်လို့ ​ပေါ်ယွီ စဉ်းစားလိုက်မိတဲ့အချိန်မှာပဲ စုန့်ရှီလင်က လက်ဖက်ရည်စားပွဲ​​အောက်က​နေ သကြားလုံးအိတ်​သေး​သေး​လေးတစ်လုံးကို ထုတ်​နေတာ ​တွေ့လိုက်ရပြီး အဲဒီသကြားလုံးတွေကို ​ပေါ်ယွီဆီ ကမ်း​ပေးလာခဲ့သည်။

အဲဒီချိုချဉ်အိတ်​လေးက ဖရဲသီး​လေး ဒီညမှာ စားမယ့် နူးနူးညံ့ညံ့ သကြားလုံး​လေး​တွေပင်ဖြစ်သည်။

​ပေါ်ယွီအတွက် ဒီ​နေရာမှာ ဆက်​​နေဖို့ အ​ကြောင်းပြချက်မရှိ​တော့​ပေ။ဒါ​ကြောင့် သူက သာမာန်ကာလျံကာပဲ ​ကျေးဇူးတင်စကား​ပြောကာ သကြားလုံးတွေ ယူပြီး ထွက်သွားလိုက်ရသည်။

ဒါ​ပေမယ့် သူ တံခါးဆွဲဖွင့်ခါနီးဆဲဆဲအချိန်​လေးမှာ စုန့်ရှီလင်က ​​ပြောလာခဲ့သည်။
  " ညကျ သကြားလုံး​တွေကို နည်းနည်းပဲစားရမယ်​နော်။ မဟုတ်ရင် သွားပိုးစားလိမ့်မယ် "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now