အခန်း-၂၅(ဒီ​ယောကျ်ား)

7.1K 1.2K 32
                                    

Scroll down for Zawgyi.

Unicode

ည ရှစ်နာရီခွဲအချိန်တွင် ​ပေါ်ယွီ ​ဆေးလိပ်​သောက်ဖို့ကို အရမ်း အာသာပြင်းပြ​နေမိသည်။ဒါ​ပေမယ့် ဖရဲသီး​လေးက ဧည့်ခန်းထဲမှာ puzzle ​လေး​တွေ ဆက်တိုင်းကစား​နေဆဲဖြစ်သည်။ဒါ​ကြောင့် သူက အမှိုက်ပစ်မလို့ဆိုပြီး အ​ကြောင်းပြကာ အပြင်ထွက်လာခဲ့သည်။

ဖရဲသီး​လေးက ​ခေါင်းကို လှည့်ကြည့်မလာဘဲ သူ့လက်​လေး​တွေကို ​ဝှေ့ယမ်းပြလိုက်သည်။   " ပါးပါး , မြန်မြန်ပြန်လာခဲ့​နော် "

​​ပေါ်ယွီ အမှိုက်ပစ်ပြီး​နောက် ​ကော်ရစ်ဒါကို မှီကာ စီးကရက်တစ်လိပ်ကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။အဲဒီ​နောက် သူ စီးကရက်ကို မီးညှိဖို့အတွက် မီးခြစ်ကိုပါ ထုတ်လိုက်သည်။

​ဆောင်းဦး​နှောင်းပိုင်းရဲ့ ည​လေက ​အေးစက်မှု​တွေနဲ့ ပြည့်နှက်​နေသည်။​ပေါ်ယွီက အပြင်ကို ​လော​လော,​လော​လောနဲ့ ထွက်လာခဲ့တာ​ကြောင့် သူ့မှာ ကုတ်အင်္ကျီပါမလာဘဲ ရှပ်အင်္ကျီလက်တို​လေးတစ်ထည်ကိုသာ ၀တ်ထားသည်။ဒါ​ကြောင့် သူ နှာ​ခေါင်း​တွေ ယားယံလာပြီး မကြာခင်မှာပဲ နှစ်ခါ သုံးခါ​လောက် နှာ​ချေလိုက်မိ​တော့သည်။

သူ့​နောက်က​နေ လမ်း​လျှောက်တဲ့​ခြေသံ ခပ်တိုးတိုး ထွက်​ပေါ်လာသည်။​​ပေါ်ယွီ ​နောက်ကို လှည့်မကြည့်ရ​သေးခင်မှာပဲ သူ့ပုခုံး​ပေါ်ကို ကုတ်အင်္ကျီတစ်ထည် ​ရောက်ရှိလာခဲ့သည်။

ရင်းနှီးကျွမ်း၀င်​နေပြီးသား ကိုယ်နံ့ကို ရှူရှိုက်လိုက်မိတာ​ကြောင့် ​ပေါ်ယွီ ရယ်​မောကာ ​နောက်ထပ်စီးကရက်တစ်လိပ်ကို ထုတ်ပြီး သူ့​ဘေးမှာ လာရပ်​နေတဲ့ စုန့်ရှီလင်ကို ​စီးကရက် လှမ်း​ပေးလိုက်သည်။   " ဒီတစ်ခုယူ "

ဒီ​ယောကျ်ားက စီးကရက်ကို ယူမှာမဟုတ်ဘူးလို့ ​ပေါ်ယွီ ​တွေးထားခဲ့​ပေမယ့် ​နောက်စက္ကန့်မှာပဲ စုန့်ရှီလင်က ​ပေါ်ယွီ့လက်ထဲက​နေ စီးကရက်ကို ယူလိုက်​လေသည်။

​ပေါ်ယွီရဲ့နှုတ်​ခမ်း​တွေက လှုပ်ရှားသွားခဲ့သည်။ဒါ​ပေမယ့် သူ မ​ပြောရ​သေးခင်အချိန်မှာပဲ သူ့​ရှေ့ကို အရိပ်တစ်ခုက ​ရောက်ရှိလာသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now