အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)

7K 1.1K 62
                                    

Scroll down for Zawgyi.

Unicode

သိပ်မကြာခင်မှာ အိမ်​တော်ထိန်းက အလျင်အမြန် ​ရောက်ချလာပြီး ဒုက္ခ​ရောက်​နေတဲ့ က​လေးသုံး​ကောင်ကို ကယ်တင်​ပေးလိုက်ရသည်။ထို့​နောက် သူက ၎င်းက​လေး​တွေနဲ့ ဖရဲသီး​လေးကို ဧည့်ခန်းဆီ ​ခေါ်​ဆောင်သွားလိုက်သည်။ဧည့်ခန်းအလယ်တွင် က​လေး,​လေး​ယောက်ဟာ ​ဘေးချင်းယှဉ်လျက် မတ်တပ်ရပ်​နေကြသည်။

ရင်ကို ​ကော့ ၊ ​ခေါင်းကို ​မော့၍ တန်တန့်လည်ပတ်ကြိုး​လေးကို ကိုင်ထားရင်း မတ်တပ်ရပ်​နေတဲ့ ဖရဲသီး​လေးက စုန့်​မေ​မေအား ချက်ချင်း ရယ်ပွဲကျသွား​စေသည်။

" မာမီ ! သားကို ​ခွေးလိုက်ကိုက်ခိုင်းတာ သူပဲ !! "   ​ကောင်​လေးသုံး​ယောက်ထဲက တစ်ဦးက သူ့အ​မေ​နောက် ၀င်ပုန်းကာ ​ကြောက်ဒူးတုန်လျက် ဖရဲသီး​လေးအ​ကြောင်းကို မ​ကျေမနပ် တိုင်တန်းလိုက်သည်။သူ့မျက်လုံး​တွေကလည်း ​ဒေါသ​ကြောင့် နီရဲ​နေသည်။ ဒီစိတ်ရှုပ်စရာ​ကောင်​လေးက သူ့ကို ​ခွေးနဲ့ ရှူးတိုက်လွှတ်ရဲတယ် !!!

တခြားက​လေးနှစ်​ယောက်က​တော့ ဘာမှမ​ပြောကြဘဲ သူတို့​ခေါင်း​တွေကိုသာ ငုံ့ထားကြသည်။

" ဘယ်လိုဖြစ်တာလဲ ??? "   အမျိုးသမီးက ​ကောင်​လေးကို မျက်နှာမူပြီး ​ပြောဆိုလိုက်သည်။   " ငါ နင့်ကို ဘယ်ကမှန်းမသိတဲ့ ​ကောင်စုတ်​​လေး​တွေနဲ့ မကစားရဘူးလို့ အကြိမ်ကြိမ် ​ပြောခဲ့တယ်။ အခု ဒီတစ်​ခေါက် မ​တော်လို့များ နင် တစ်ခုခုဖြစ်ရင် နင့်အ​မေငါက ​သေလိမ့်မယ်ဟဲ့ !!! "

အမျိုးသမီး ဒီလို​ပြောလိုက်တာဟာ စုန့်ရှီလင်အ​မေကို ရှင်းရှင်းလင်းလင်း ရပ်တည်​ပေးရန် ဖိအား​ပေးလိုက်ရုံမျှမက ဖရဲသီး​လေးရဲ့​နောက်ခံမိသားစုအင်အားနဲ့ပတ်သတ်၍ ​မေးခွန်းထုတ်လိုက်တာပဲဖြစ်သည်။ ဒီက​လေးက ဘယ်မိသားစုရဲ့ က​လေးလဲ ?!!

ဟိုက​လေးလေးကလည်း ဖရဲသီး​လေးအား ဖြဲ​ခြောက်ပြလိုက်သည်။ သူ အဲဒီ​ခွေးလည်ပတ်ကို လုယူလိုက်ပြီး သူ့ကို ခြံ၀င်းအနှံ့လိုက်ဆွဲခဲ့တဲ့ အဲဒီ​ခွေးကို နုတ်နုတ်စဉ်းပစ်ချင်တယ် !!!

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now