အခန်း-၁၀၆(အစွဲအလမ်း)

2.4K 351 16
                                    

Scroll down for Zawgyi.

Unicode

ပေါ်အိမ်​တော်၏ ညီအစ်ကိုနှစ်​ယောက်ဟာ ကားထဲ၌ ​ဘေးချင်းယှဉ် ထိုင်​နေကြသည်။ဖရဲသီး​လေးကိုမူ အိမ်​တော်ထိန်းရှန်က ​နောက်ကားတစ်စီးနှင့် ​အိမ်သို့ ခေါ်​ဆောင်သွားနှင့်သည်။

ပထမဆုံးအကြိမ်အဖြစ် ​ဤလောကကြီးက အစစ်အမှန် မဟုတ် ၊ စိတ်ကူးယဉ်သက်သက်ဖြစ်​နေသ​ယောင် ​ပေါ်ယွီ ခံစားလိုက်ရသည်။

" အင်း ၊ ငါ​ရောပဲ "

​ပေါ်လျန်က ​ပေါ်ယွီအား အဓိပ္ပါယ်အပြည့်ပါ​သော မျက်၀န်းတစ်စုံဖြင့် ကြည့်လိုက်၏။
" လိင်စိတ်တိမ်းညွှတ်မှုက မိသားစုဆီက​နေ မျိုးရိုးဆက်ခံထားတာ​လေ "

​ပေါ်ယွီ စိတ်ဆိုးစိတ်တို​နေသည်။
" လိင်စိတ်တိမ်းညွှတ်မှုကို မိသားစုဆီက​နေ ဘယ်လိုလုပ် မျိုးရိုးဆက်ခံမှာလဲ ??? ​ကော ကျွန်​တော့်ကို တစ်ပတ်မရိုက်ပါနဲ့ "

​ပေါ်လျန်က စီးကရက်ကို မီးညှိ၍ ဖြည်းညင်းစွာ ဆိုသည်။
" မင်းက ဉာဏ်​ကောင်းပါတယ် "

​ပေါ်ယွီက ​ပေါ်လျန်ရဲ့ချီးကျူးမှုအား သဘာ၀ကျသည့်အရာတစ်ခုနှယ် လက်ခံလိုက်သည်။

" ​မင်း​တောင် ယောကျ်ား​တွေကို ကြိုက်လို့ရတာ ၊ ​ကောက ဘာလို့ မရရမှာလဲ ??? "
​ပေါ်လျန်က ​ပေါ်ယွီကို မယိမ်းမယိုင် ခိုင်မာစွာ ကြည့်​နေသည်။

​ပေါ်ယွီရဲ့အကြည့်​တွေက ​အောက်ငုံ့​နေ၏။
" အ​ဖေက ခွင့်ပြုမှာ မဟုတ်ဘူး "

" အ​ဖေက ​မြေကြီး​အောက်​ရောက်​နေပြီဥစ္စာ ၊ သူ ခွင့်မပြုဘူးထား ၊ ​သေ​နေရာက​နေ ​ငေါက်ခနဲ ထဆူပူနိုင်မှာမှ မဟုတ်တာ "
​ပေါ်လျန် ​လှောင်​ပြောင်လိုက်သည်။သူ့မျက်လုံးထဲ၌ ပြက်ရယ်ပြုခြင်းများက အပြည့်။

သူ့အား ​မွေးရာပါ အသက်တစ်​ချောင်းနှင့် အ​မွေဆက်ခံဖို့ ​နေရာတစ်ခုမှတစ်ပါး ဘာမျှ မ​ပေးခဲ့​ဖူးသော လူတစ်ဦးအတွက် ​ပေါ်လျန် တစ်ခုတ်တရ ​ကျေးဇူးတင်မ​နေ။

​ပေါ်လျန့်စကား​ကြောင့် ​ပေါ်ယွီ ရယ်​မောလိုက်မိသည်။သူ ပခုံးများ တုန်ခါလျက် ​ပြောလိုက်၏။
" ​ကော အဲဒီလို ​ပြောတာ အ​ဖေ ကြားရင် သူ ​သေချာ​ပေါက် မ​ပျော်နိုင်​လောက်ဘူး "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now