အခန်း-၁၃၁(သတင်းထွက်လာခြင်း)

1K 196 6
                                    

Scroll down for Zawgyi.

Unicode

ပေါ်ယွီ သူ့​ဒေါသ​တွေကို မနည်း ချုပ်တည်း​​နေရ၏။

တစ်​လောကလုံးကို ​သောင်းကျန်းပစ်ချင်​နေသည်။

စိတ်ထဲက ​ဒေါသ​နတ်ဆိုးကြီး​ဟာ ဟိန်း​ဟောက်​နေပါသည့်တိုင် ​တံခါးအပြင်တွင် ပုန်း​နေ​သော ဖရဲသီး​လေးအား ​ပေါ်ယွီ နူးနူးညံ့ညံ့အပြုံး​လေးတစ်ပွင့်နှင့် လက်ယပ်​ခေါ်သည်။
" ​ပေါင်​ပေါင်း ၊ ဒီနားလာပါဦး "

ဖရဲသီး​လေးက တွန့်ဆုတ်​နေရှာသည်။က​လေး​လေးရဲ့မျက်၀န်း​လေး​တွေက စိတ်လှုပ်ရှားမှု​ကြောင့် တဖိတ်ဖိတ်​တောက်​နေ​ပေမင့် အခန်းထဲ မ၀င်ရဲဖြစ်​​​နေသည်။

​ပေါ်ယွီ လုံ့လစိုက်ထုတ်လိုက်၏။
" ​ပေါင်​ပေ့ ၊ ပါးပါးက သားကို အများကြီး လွမ်း​နေတာ။ ပါးပါးဆီလာခဲ့ ၊ ပါးပါး မင်းကို တ၀ကြီး ဖက်ဦးမယ် "

ဖရဲသီး​လေးက တံခါးအတွင်းသို့ ​ခြေတစ်လှမ်း​လေး ချလာသည်။ချီတုံချတုံဖြင့် ​နောက်​​ခြေလှမ်း​လေးတစ်လှမ်းပါ ထပ်၀င်လာခဲ့သည်။

​အခန်းထဲကိုမူ ဖရဲသီး​လေးက ​ခြေစုံပစ် မစွန့်စား၀ံ့။က​လေး​လေးက ခပ်လှမ်းလှမ်း တံခါး၀နား​လေးမှာ ရပ်ရင်း ​ပေါ်ယွီ့ကို ရှက်ကိုးရှက်ကန်း​ ​​မေးသည်။
" ပါးပါး ၊ ဖရဲသီး​လေး ခန့်သွားပြီလားဟင် ? "

က​လေး​လေးဟာ ​မျှော်လင့်တကြီး မျက်လုံး​လေးများနှင့်။

​ပေါ်ယွီ : " ........ "

သူ့သားရဲ့ တက်တက်စင်​ပြောင်သွားတဲ့ ခေါင်း​လေးကို ​ပေါ်ယွီ ကြည့်လိုက်သည်။နဖူး​ပေါ်က ​ရှေ့ဆံပင်​လေး​တွေ​ရော ၊ ​ခေါင်း​နောက်က ၀က်မြှီး​လေး​ရော အညှပ်ခံထားရသည်။

အကုန် ! မရှိ​တော့ဘူး !!

မီးပန်းဆိုင်း၏အလင်းပြန်မှု​အောက်တွင် ဖရဲသီး​လေးရဲ့နဖူး​ထိပ်​ပြောင်ပြောင်လေးက အ​ရောင်ပင် ​တောက်​နေသည်။

​ပေါ်ယွီ ​ဒေါသထွက်ထွက် ရယ်လိုက်မိသည်။ဖရဲသီး​လေးက ​ရွေ့လျားမီးသီးလုံး​လေးနဲ့​တောင် တူ​နေသ​ယောင်​ယောင်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now